ပုစွန်ချဉ်တည်နည်း

by ပန်းခရေ for Food Magazine

          ပုစွန်ချဉ်ကို လွယ်ကူစွာ အိမ်မှာ ကိုယ်တိုင်ပြုလုပ် စားကြပါစို့ရှင်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၅ ကျပ်သား

ထမင်းပူပူ  –  ပန်းကန်လုံး ၁ လုံး

ဆားကြမ်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပုစွန်ချဉ်တည်နည်း

          ပုစွန်ကို ခေါင်းဖြတ်ပြီး ခေါင်းထဲက အဆီကုန်အောင် ရေဆေးပါ။ အဆီကျန်လျှင် ပုပ်တတ်ပါတယ်။ ခဏ ရေစစ်ထားပြီး ဆားနဲ့ ပုစွန်ကို နယ်ထားပါ။ ဇလုံတစ်လုံးထဲ ဆားနယ်ထားတဲ့ ပုစွန်နဲ့ ထမင်းပူပူကို နယ်ပေးပါ။ ပြီးလျှင် ပုလင်းတစ်လုံးထဲ သေချာဖိသိပ်ထည့်ပါ။ အပေါ်ကနေ ငှက်ပျောရွက် (သို့) ပြောင်းဖူးရွက်များကို ပုလင်းထဲ ပြည့်ပြီး ကျစ်နေအောင်ထည့်ပါ။ ပြီးလျှင် အဖုံးသေချာပိတ်ပြီး ပုံ (၁) ပါအတိုင်း တစ်ရက်ထားပါ။ နောက်တစ်ရက်ဆိုလျှင် ပုလင်းထဲက ပုစွန်ချဉ်က အချဉ်ပေါက်နေလို့ အရည်လေးတွေ လည်လာတာတွေ့ရပါမယ်။ အဲဒီအခါ ပုံ(၂)ကအတိုင်း ပန်းကန်ပြားသန့်သန့်တစ်ချပ်ပေါ်  ပုစွန်ချဉ်ပုလင်းအဖုံး ဖွင့်လိုက်ပြီး ဇောက်ထိုးထားပါ။ ပုစွန်ချဉ်ထဲက အရည်တွေ ပန်းကန်းထဲ ကျလာပါမယ်။ ပုစွန်တွေလည်း တဖြည်းဖြည်း အရောင်ပြောင်းလာပါမယ်။ ၃ ရက်ဆိုလျှင် ပုံ (၃) ကအတိုင်း ပုစွန်ချဉ် ချဉ်ပြီး နပ်ပါပြီ။ မစားဖြစ်သေးလျှင် ပုစွန်ချဉ်ပုလင်းကို ရေခဲသေတ္တာထဲ သိမ်းထားပါ။ သုပ်ချင်တဲ့အချိန် အိမ်မှာပြုလုပ်ထားတဲ့ ပုစွန်ချဉ်မွှေးမွှေးလေး သုပ်စားလို့ရပါပြီ။

Facebook Comments