ပုစွန်ခရမ်းသီးမီးဖုတ်သုပ်

by Tin Tin Oo for Food Magazine

ပါဝင်ပစ္စည်းများ

ခရမ်းသီး  –  ၂ လုံး (ထက်ခြမ်းခြမ်းထားပါ)

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

နနွင်းမှုန့်  –  အနည်းငယ်

ပုစွန်  –  ၂ ကောင်

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးထားပါ)

နံနံပင်  –  အနည်းငယ် (ခပ်ကြမ်းကြမ်းလှီးထားပါ)

ပြုလုပ်နည်း

၁။       ခရမ်းသီးကို  အထဲကအသား နူးအိသည်အထိ မီးဖုတ်ထားပါ။ နူးအိသွားပြီဆိုလျှင် အအေးခံထားပါ။ ပုစွန်တို့ကို ရေစင်အောင် ဆေးပြီး ကျောခွဲထားပါ။ အိုးတစ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူ၊ နနွင်းမှုန့်ထည့်ပြီး ကျောခွဲထားတဲ့ ပုစွန်နှင့် ပုစွန်ခေါင်းထည့်ပါ။ ငံပြာရည်အနည်းငယ်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ပြီး ပုစွန်ကွေးလာပြီဆိုလျှင် မီးပိတ်ပါ။

၂။       ဆီချက်ချက်ပြီး ပုစွန်ကို သတ်သတ်ဖယ်ထားပါ။ ခရမ်းသီးကို နွှင်ရလွယ်ကူအောင် အညှာတံနားမှာ ဓားရာလေး ပေးပြီး ဇွန်းနဲ့ ခြစ်ချလိုက်ပါ။ ခရမ်းသီး နွှင်ထားတဲ့အသား၊ ကြက်သွန်နီ၊ နံနံပင်၊ ပုစွန်ခေါင်းဆီချက် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် အနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်တို့နှင့် သမအောင် ရောနယ်ထားပါ။ နှံ့အောင်နယ်ပြီးလျှင် ခရမ်း သီးမီးဖုတ်သုပ်ကို ပုစွန်လေးတင်ပြီး ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments