ပုစွန်ကင် ထမင်းသုပ်လိပ်

by May Phyo Thi for Food Magazine

          ဗီယက်နမ်နိုင်ငံမှ ကော်ပြန့်လိပ်လေးကို မြန်မာစတိုင်လေးဖြစ်အောင် ဖန်တီးထားတာကြောင့် လိုက်လုပ်စားကြည့်ပါဦးနော်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၇၀ ဂရမ်

ထမင်း  –  ၁၀ဝ ဂရမ်

ပဲမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ဆီချက်  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မြေပဲ နှမ်းမဲထောင်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မန်ကျည်းရည်  –  စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပဲကြာဆံ  –  ၃၀ ဂရမ်

မှို  –  ၂၀ ဂရမ်

ဆလတ်ရွက်  –  ၅ ရွက်

ဗီယက်နမ် ကော်ပြန့်ရွက်  –  ၅ ရွက်

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       သန့်စင်ထားသော ပုစွန်လေးများကို အိုးထဲ ဆီအနည်း ငယ်ထည့်ပြီး ဆား၊ ငရုတ်ကောင်းနှင့်အတူ ကင်ပေးပါ။

၂။       ထိုနည်းအတိုင်း မှိုလေးများကိုလည်း ထည့်ပြီး ကင်ပေးပါ။

၃။       ဇလုံတစ်လုံးထဲ ထမင်း၊ ဆား၊ အသားမှုန့်၊ ဆီချက်၊ မြေပဲ နှမ်းမဲထောင်း၊ ပဲမှုန့်၊ ငရုတ်သီးမှုန့်၊ မန်ကျည်းရည်၊ ငံပြာရည်၊ ကင်ထားသော ပုစွန်နှင့် မှိုများထည့်ပြီး သုပ်ပါ။

၎။       ပြီးလျှင် ရေဇလုံတစ်လုံးထဲ ကော်ပြန့်ရွက်ကို ရေနှစ်၍ ချက်ချင်း ပြန်ဆယ်ပြီး ဆလတ်ရွက်ခင်းကာ ထမင်းသုပ်နှင့်  ပဲကြာဆံပြုတ်၊ ပုစွန်ကင်အကောင်လေးများ အလှဆင်ပြီး လုံခြုံစွာ လိပ်ပေးပါ။

၅။       ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး မရောနိစ်၊ ခရမ်းချဉ်ဆော့စ်တို့ဖြင့် တည်ခင်းနိုင်ပါပြီ။

Facebook Comments