ပန်းသီး ကြက်သားပေါင်မုန့်ညှပ် (French Connection)

by Htain Lin Maung for Food Magazine

မနက်စာအတွက် စားဖို့ အဆင်ပြေတဲ့ ပန်းသီး ကြက်သားပေါင်မုန့်ညှပ်လေး ဖြစ်ပါတယ်။ မြန်မာအစားအစာမဟုတ်ပေမယ့်လည်း ကြက်သားအရသာ၊ ပန်းသီးအချို၊ ချိစ် အငန်ဓာတ်၊ မရောနိစ်တို့ ပေါင်းစပ်ပြီး ထွက်လာတဲ့အရသာက မြန်မာတွေကို ခံတွင်းတွေ့ စေတဲ့ အစားအစာတစ်ခုဖြစ်စေခဲ့ပါတယ်။

ပါဝင်ပစ္စည်းများ

ကဏန်းပေါင်မုန့် –  ၃ ခု

ကြက်သား –  ၁၀ဝ ဂရမ်

ပန်းသီး –  ၁ လုံး

ချိစ် –  ၃ ပြား

မရောနိစ် –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆလတ်ရွက် –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ငရုတ်ဆီ –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆား –  အနည်းငယ်

 ပြုလုပ်နည်း

၁။       ကြက်သားအသားကို မထူမပါးအပြားလိုက်လှီးပါ။ ကြော်မည့်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ကြက်သားပြားများကို ကျက်အောင် အိုးပူကပ်ကြော်ပါ။ ကျက်ပြီးသော အသား များကို အချောင်းလိုက်ပုံစံလေး လှီးပါ။

၂။       ပန်းသီးကို အခွံနွှာပြီး အချောင်းလိုက်ပုံစံလေး လှီးပါ။

၃။       ချိစ်အပြားကိုလည်း အချောင်းပုံစံလှီးပါ။

၎။       ဇလုံထဲ လှီးထားတဲ့ ကြက်သား၊ ပန်းသီးနှင့် ချိစ်တို့ကို ဆတူထည့်ပါ။ မရောနိစ် ၃ ဇွန်း၊ ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ဆားအနည်းငယ်တို့ထည့်ပြီး သမအောင် ဖွဖွလေး နယ်ပါ။

၅။       ကဏန်းပေါင်မုန့်ကို ထက်ခြမ်းခွဲပြီး ဆလတ်ရွက်ခံကာ နယ်ထားသောအဆာများကို ထည့်ပါ။

၆။       အဆာသွတ်ထားသော ကဏန်းပေါင်မုန့်များကို ငရုတ်ဆီဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

Facebook Comments

Menu