ဆိတ်သားလုံးဆီပြန်ဟင်း

by နှင်းဦးဝေ for Food Magazine

ပါဝင်ပစ္စည်းများ

ဆိတ်သား –  ၃ဝဝ ဂရမ် (ညက်အောင် ကြိတ်ထားပါ)

ငရုတ်သီးစိမ်းအရှည်တောင့် –  ၄ တောင့်  (အနေတော်လှီးထားပါ)

ရုံးပတီသီး –  ၄ တောင့် (အနေတော်လှီးထားပါ)

ချယ်ရီခရမ်းချဉ်သီး –  ၁၁ လုံး

ကရဝေးရွက် –  ၄ ရွက်

အသားမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (အရသာနယ်ရန်)

သကြား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (အရသာနယ်ရန်)

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း (အရသာနယ်ရန်)

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း (အရသာနယ်ရန်)

Curry Powder –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း (အရသာနယ်ရန်)

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း (အရသာနယ်ရန်)

ဆိတ်သားလုံးအနှစ်ချက်ရန် ပါဝင်ပစ္စည်း

ဆီ –  စားပွဲဇွန်း ၅ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ကြက်သွန်နီ –  ၂ လုံး (နုပ်နုပ်စဉ်းပါ)

ကြက်သွန်ဖြူ –  ၇ မြွှာ (နုပ်နုပ်စဉ်းပါ)

ငရုတ်အနှစ် –  စားပွဲဇွန်း ၁/၃ ဇွန်း

ခရမ်းချဉ်သီးအနှစ် –  စားပွဲဇွန်း ၁ ၁/၂ ဇွန်း

Curry Powder –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

အသားမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငံပြာရည် –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ရေ –  စားပွဲဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

၁။        ဇလုံတစ်လုံးထဲ ဆိတ်သား၊ အသားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ Curry Powder နှင့် ဆားတို့ကို ထည့်၍ သမအောင်နယ်ထားပါ။

၂။         အရသာနယ်ထားသော ဆိတ်သားကို အနေတော်အလုံးအသေးဖြစ်အောင် လုံးထားပါ။

၃။        ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ပြီးလျှင် နနွင်းမှုန့်ထည့်ပါ။ ဆီဆူလာပြီဆိုလျှင် နုပ်နုပ်စဉ်းထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ထည့်ပါ။ ပြီးလျှင် အနှစ်အတွက် ကျန်ပါဝင်ပစ္စည်းများကို ထည့်ပါ။ ゞင်းတို့ကို အစိမ်းနံ့ပျောက်ပြီး အနံ့မွှေးသည်အထိ ဆီသတ်၍ ရေထည့်ပြီး သမအောင်မွှေပါ။ ပြီးလျှင် ကရဝေးရွက်ထည့်ပြီး အနှစ်အိသည် အထိ ချက်ပါ။

၄။        အနှစ်ရလာပြီဆိုလျှင် အရသာနယ်ထားသော ဆိတ်သားလုံးများကို ထည့်ချက်ပါ။ ဆိတ်သားလုံးများ အကျက်ညီအောင် မကြာမကြာ လှန်ပေးပါ။ ပြီးလျှင် လှီးထားသော ငရုတ်သီးစိမ်းအတောင့်ရှည်၊ ချယ်ရီခရမ်းချဉ်သီးနှင့် ရုံးပတီးသီးတို့ကို ထည့်ပါ။ ဆိတ်သားလုံးကျက်သည်အထိ ၅ မိနစ်မှ ၈ မိနစ်အထိ ချက်ပါ။

၅။        အနံ့လေးမွှေးပြီး ဆိတ်သားလုံးလည်း ကျက်လာပြီဆိုလျှင် မီးဖိုပေါ်မှချ၍ ပန်းကန်ထဲမှာ အလှဆင်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments

Menu