
7 - October - 2019
ဆိတ်သားလုံးချဉ်စပ်
by တင္တင္ဦး for Food Magazine
ပါဝင်ပစ္စည်းများ
ဆိတ်သား – ၁၅ ကျပ်သား
ကြက်ဥ – ၁ လုံး
ရှမ်းနံနံ – အနည်းငယ်
ငရုတ်သီးစိမ်း – ၁၀ တောင့်
ကြက်သွန်ဖြူ – ၅ မြွှာ
ကြက်သွန်နီ – ၁ လုံး
ကော်မှုန့် – စားပွဲဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ကြက်သားမှုန့် – အနည်းငယ်
ဆီ – ၂၅ ကျပ်သား
သံပရာသီး – ၃ လုံး
ချင်း – လက်တစ်ဆစ်
နံနံပင် – အနည်းငယ်
နံနံရိုး – အနည်းငယ်
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ဆိတ်သားကို ရေစင်အောင် ဆေးပြီး ကြိတ်စက်ထဲ ဆိတ်သား၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ရှမ်းနံနံ၊ ကော်မှုန့်၊ ဆား၊ ချင်း၊ မဆလာ၊ နံနံရိုးနှင့် ကြက်သားမှုန့်တို့ကို ထည့်ပြီး ကြိတ်ပါ။
၂။ ရေခဲသေတ္တာထဲ မိနစ် ၃၀ ခန့်ထားပြီး ဆိတ်သားလုံးကို ဘောလုံးလေးတွေလို လုံးလုံးလေး လုပ်၍ ဆီပူပူနှင့် ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပါ။
၃။ ဆီများကို ခပ်ထုတ်ပြီး ကြက်သွန်နီအကြမ်းထောင်းနှင့် ငရုတ်သီးစိမ်းအကြမ်းထောင်းကို ထည့်ပါ။ ပြီးလျှင် ကြော်ထားတဲ့ ဆိတ်သားလုံး၊ ငံပြာရည်ထည့်၍ နံနံပင်၊ သံပရာရည်၊ အရသာထည့်ပါ။