ဆားငန်ဘဲဥကန်စွန်းဥကြော်

by မေဖြိုးသီ for Food Magazine

ဟင်းတွေ၊ အချိုပွဲတွေမဟုတ်ဘဲ Snack အနေနဲ့ မုန့်လေးလို စားလို့ရမယ့် အရာလေးတစ်ခု ပြုလုပ်ပေးပါမယ်။ အဲဒါလေးကတော့ ဆားငန်ဘဲဥ ကန်စွန်းဥကြော်လေးပါ။ အာလူးလေးနဲ့လည်း ကြော်စားလို့ရသလို ကန်စွန်းဥနဲ့ဆိုရင်လည်း အရသာလေးက တစ်မျိုးထူးကဲနေပါတယ်။ အဲဒါကတော့ ပိုပြီးဝါးရသလို အာလူးထက်လည်း ပိုချိုပါတယ်။ တစ်ခါကြော်ပြီးရင် လေလုံဘူးထဲမှာ ထည့်ပြီး တစ်ပတ်ခန့်ထားပြီးလည်း  စားသုံးနိုင်ပါတယ်။ အစပ်ကြိုက်သူများက ငရုတ်သီးကြမ်းလေးပါ ထည့်ကြော်လို့ ရပါတယ်နော်။

ပါဝင်ပစ္စည်းများ

ကန်စွန်းဥ –  ၅၀ဝ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျဉ်းတော်သိမ် –  ၁ ခွက်

ဆားငန်ဘဲဥ –  ၈ လုံး

ဆီ –  အလုံအလောက်

ထောပတ် –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ပျဉ်းတော်သိမ်ရွက်ကို ဆီများများနဲ့ ကြော်ပါ။ြွကပ်လာလျှင် ဆယ်ယူထားပါ။

၂။       သန့်စင်ထားသော ကန်စွန်းဥကို ဆား၊ အရသာမှုန့်ဖြင့် နယ်ပြီး ဆီပူပူမှာ ကြော်ပါ။ ရွှေရောင်သန်း လာပါက ဘေးမှာ ခဏဖယ်ထားပြီး အအေးခံပါ။

၃။       အိုးတစ်အိုးထဲ ဆားငန်ဘဲဥများ ထည့်၍ ပြုတ်ပြီး အနှစ်ကို ယူထားပါ။ ဒယ်အိုးထဲ ထောပတ်

ထည့်ပြီး၊ ဆားငန်ဘဲဥအနှစ်များ ခြေ၍ ထည့်ပြီး ကြော်ပါ။ ထို့နောက် ကန်စွန်းဥများထည့်၍ မွှေပြီး ပျဉ်းတော်သိမ်ကြော်ထားသည်များကိုပါ ထည့်၍ စားသုံးနိုင်ပါပြီ။ လေလုံဘူးထဲ ထည့်ထားလျှင် လည်း အထားခံပါတယ်။

Facebook Comments