ငါးသံပရာပေါင်း

by နှင်းဦးဝေ for Food Magazine

ပါဝင်ပစ္စည်းများ

ငါး –  ၁ ကောင်

သံပရိုသီး –  ၂ လုံး

ကြက်သွန်ဖြူ –  ၅ မြွှာ

ချင်း –  အနည်းငယ်

စပါးလင် –  ၂ ပင်

ငရုတ်သီးအစိမ်း –  ၇ တောင့်

ရှောက်ရွက် –  ၅ ရွက်

ငရုတ်သီးတောင့်အနီ –  ၁ တောင့်

နံနံပင် –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ဆီ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးငံပြာရည် –  လက်ဖက်ရည်ဇွန်း ၇ ဇွန်း

သကြား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူ၊ ချင်း၊ ရှောက်ရွက်၊ ငရုတ်သီးအစိမ်း၊ ငရုတ်သီးအနီနှင့် စပါးလင်တို့ကို အချောင်းပုံစံ ပါးပါးလေးလှီးပါ။

၂။       ငါးကို ဆေးကြောသန့်စင်ပြီး စပါးလင် အဆာသွတ်ပါ။ ငါးကို ဆား၊ ငရုတ်ကောင်းမှုန့်၊

အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ဖြင့် နှံ့စပ်အောင် နယ်ပါ။

၃။       ပန်းကန်ပြားထဲ ပါးပါးလှီးထားတဲ့ သံပရိုသီး ၁ လုံးကို ခင်း၍ ငါးထည့်ပြီး ပေါင်းအိုးထဲမှာ

၁၀ မိနစ်ခန့် ပေါင်းပါ။

၎။       ငါးသံပရာပေါင်းအရည်လုပ်ရန်အတွက် အိုးထဲ ဆီအနည်းငယ်ထည့်ပြီး လှီးထားတဲ့ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်သီးနှင့် ချင်းတို့ကို ဆီသတ်ပါ။ ရေ အနည်းငယ်ထည့်ပြီး အရသာမှုန့်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ငါးငံပြာရည်၊ သံပရိုသီးအရည်နှင့် နံနံပင်

တို့ကို ထည့်ပြီး ၁ မိနစ်ခန့် မွှေပါ။

၅။       အသင့်ပေါင်းထားတဲ့ ငါးအပေါ်မှာ ချက်ထားတဲ့ ငါးသံပရာပေါင်းအရည်ကို ဆမ်းပြီး စားသုံးနိုင်ပါပြီ။

Facebook Comments