ငါးမီးကင်ပင်စိမ်းထောင်း

by ပန်းခရေ for Food Magazine

          ငါးကို မီးကင်ပြီး ဒီလိုလေးထောင်းကြည့်စို့နော်။ ဟင်းခါးစပ်ရှိမ်းရှိမ်းလေးတစ်ခွက်နဲ့ဆိုရင် တော်တော်လေး ခံတွင်းမြိန်စေပါတယ်။

ပါဝင်ပစ္စည်းများ

ငါးခူ၊ ငါးရံ့သားပေါက်၊ ငါးပနော် စသည့် ငါးတစ်မျိုးမျိုး  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၁ ဥ

ငရုတ်သီးစိမ်း  –  အစပ်စားနိုင်သလောက်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပဲဆီစိမ်း  –  စားပွဲဇွန်း ၃ ဇွန်း

ပင်စိမ်းရွက်  –   အနည်းငယ်

ထောင်းနည်း

          ဦးစွာ ငါးကို အကြေးထိုး၊ အူနုတ်၊ ရေဆေးသန့်စင်၊ အနည်းငယ်မွှန်း၍ မီးအေးအေးနဲ့ ခြောက်ပြီး မွှေးလာသည်အထိ ကင်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် ပင်စိမ်းရွက်ကို ရောထောင်းပါ။ မညက်တညက်ဖြစ်လာတဲ့အခါမှာ ငါးကင်ကိုြွေခထည့်ပါ။ဆား၊ အရသာထည့်ပါ။ ငါးကို အရမ်းမကြေစေဘဲ အဖတ်လေးတွေကျန်အောင် ထောင်းပါ။ နှံ့စပ်သွားလျှင် ပန်းကန်ထဲ ခပ်ထည့်ပါ။ ပြီးလျှင် ပဲဆီစိမ်းလေးလောင်းပြီး သုံးဆောင်လို့ ရပါပြီရှင်။

Facebook Comments