ငါးဖယ် ငါးပိ ငရုတ်သီး (လုံးချက်)

by ပန်းခရေ for Food Magazine

တစ်ခါတစ်ရံမှာ အချိန်မရတာပဲဖြစ်ဖြစ်၊ ဆီသတ်ချက်တဲ့အရသာကို မစားချင်တဲ့ အခါမှာပဲဖြစ်ဖြစ် အဲဒီလိုလေး ချက်စားကြည့်လိုက်ပါ။ လုံးချက်ချက်ရင် ဟင်းလေးတစ်ခွက်က မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကျက်ပါတယ်။ အလုပ်ရှုပ်လည်း သက်သာပါတယ်။ လက်ဆိပ်ရှိသူချက်တာဆိုရင် ပိုပြီး စားကောင်းတယ်။

ပါဝင်ပစ္စည်းများ

ငါးဖယ် –  ၁၀ ကျပ်သား

ငရုတ်သီးစိမ်း –  အနည်းငယ်

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူဥသေး –  ၁ လုံး

နနွင်းမှုန့် –  အနည်းငယ်

စိမ်းစားငါးပိ –  စားပွဲဇွန်း ၁/၂ ဇွန်း

ဆီ –  ၅ ကျပ်သား

ဆား –  လက်ဖက်ရည်ဇွန်း ၁  ဇွန်း

နံနံပင် –  အနည်းငယ်

ပြုလုပ်နည်း

ကြက်သွန်ဖြူ/နီနှင့် ငရုတ်သီးစိမ်းကို ညက်အောင်ထောင်းပါ။ ညက်လာလျှင် စိမ်းစားငါးပိ ထည့်ထောင်းပါ။ စေးပိုင်လာလျှင် ချက်မည့်အိုးထဲထည့်ပါ။ ဆား၊ နနွင်းမှုန့်၊ ဆီနှင့် ငရုတ်နှစ်တို့ကို ပိုင်နိုင်စွာ နယ်ပါ။ ငါးဖယ်ကို ဆား၊ သကြား အနည်းငယ်နှင့် စေးပိုင်အောင် နယ်၍ စိတ်ကြိုက်လုံးပြီး နယ်ထားသော အနှစ်ထဲထည့်၍ အပေါ်ကနေ ရေနွေးမြုပ်အောင်လောင်းပြီး ၁၅ မိနစ်ခန့် အစိမ်းနံ့ပျောက်အောင် ချက် လျှင် ရပါပြီ။ ဆီပြန်လာပြီး အိုးချခါနီးမှာ နံနံပင်လေးညှပ်၍အုပ်ပါ။ အချိန်တွေမကုန်ဘဲ လွယ်ကူလျင်မြန် ပြီး အရသာရှိတဲ့ ငါးဖယ်ဟင်းလေး ရပါပြီ။

Facebook Comments