ငါးဖယ်အရေခွံလိပ်ချက်

by ပန်းခရေ for Food Magazine

          ရိုးရှင်းပြီး တစ်မျိုးလေး စားကောင်းတဲ့ ဟင်းလျာတစ်ခွက်လေးပါ။

ပါဝင်ပစ္စည်းများ

ငါးဖယ်ခြစ်  –  ၁၀ ကျပ်သား

ငါးဖယ်အရေခွံ  –  ၅ ခုခန့်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၅ ဥ

ငရုတ်သီး  –  ၆ – ၅ တောင့်

ခရမ်းချဉ်သီး  –  ၂ လုံး

ဆီ –  ၅ ကျပ်သား

ငံပြာရည်  –  အနည်းငယ်

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

နံနံပင်၊ ငရုတ်သီးစိမ်းလှော်  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

          ငါးဖယ်အရေခွံကို အကြေးခွံသန့်စင်ပြီး ရေဆေးထားပါ။ ငါးဖယ်ခြစ်ကို ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ အရသာနဲ့ စေးနေအောင်ထောင်းပြီး အရေခွံထဲထည့်၍ ကော်ပြန့်လို ခပ်ရှည်ရှည် အလုံးလေးရအောင် လိပ်ပါ။ လိပ်ထားတဲ့ ငါးဖယ်ကို ရေနွေးငွေ့နဲ့ ခဏပေါင်းလို့ရသလို အစိမ်းအတိုင်း ထည့်ချက်ပြီးမှ စိတ်ကြိုက်တုံးလည်း ရပါတယ်။ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ငရုတ်သီးနှင့် ကြက်သွန်နီတို့ကို စေးနေအောင် ထောင်းပြီး မွှေးနေအောင် ဆီသတ်ပါ။ အနှစ်များြွကပ်လာလျှင် ဗမာငံပြာရည်ပေါက်ပါ။ ခရမ်းချဉ်သီးထည့်ပြီး လိပ်နေအောင် ဆီသတ်ပြီးမှ ငါးဖယ်လိပ်လေးများ ထည့်ပါ။ ရေနည်းနည်းချင်းစီလိုက်ပြီး အနှစ်ကျကျလေး ချက်ပါ။ ဆား၊ အရသာမှုန့် ထည့်ပါ။ ငါးဖယ်လေးတွေကျက်ပြီး အရသာမှန်၊ အနှစ်ကျလာလျှင် လှော်ထားတဲ့ ငရုတ်သီးစိမ်းတောင့်လေးတွေနဲ့ နံနံပင်အုပ်ပေးပါ။ ငရုတ်သီးစိမ်းကို လှော်ပြီးမှ အုပ်တာက အနံ့လေးတစ်မျိုး ထူးခြားမွှေးပါတယ်။

Facebook Comments