ငါးပိရေကျိုထမင်းသုပ်

by ပန်းခရေ for Food Magazine

ငါးပိရေကျိုထမင်းသုပ် ရာသီစာအစစ်လေးပါ။ အခု ပန်းခရေ ချက်နည်းလေးတွေ တင်ပြနေချိန်လေးကတော့ မိုးမလင်းစတမ်းကို မိုးတွေ ရွာနေတာပါ။ ဒါကြောင့် ဈေးသွားရ ခက်ခဲ၊ ထမင်းဝိုင်းပြင်ရ ခက်ခဲနေချိန်မှာ တစ်ခါတလေ ဒီလိုလေး အိမ်မှာရှိနေပြီးသား အစားအစာလေးတွေနဲ့ အဆင်ပြေသလို ဖန်တီးထားတဲ့ ထမင်းသုပ်လေးက စားလို့လည်း ကောင်းပြီး အလုပ်ပိုလည်း သက်သာစေတဲ့ ရာသီစာသုပ်လေးပေါ့။ ရေနွေးကြမ်းပူပူလေး တစ်ခွက်ပါ စီစဉ်ပေးဖို့ မမေ့နဲ့နော်။

ပါဝင်ပစ္စည်းများ

ထမင်း –  ၁ ပန်းကန်

ငါးပိရေကျို –  အနည်းငယ်

ဟင်းအနှစ်ကျန်လျှင် –  အနည်းငယ်

ဟင်းအနှစ်မကျန်လျှင် ဆီချက် –  အနည်းငယ်

ငရုတ်သီးအလှော်မှုန့် –  အစပ်စားနိုင်သလောက်

ခရမ်းချဉ်သီး –  တစ်ခြမ်း

(မိမိကြိုက်သော ရေခဲသေတ္တာထဲ သိမ်းထားသည့် အသီးအနှံ ကြိုက်ရာထည့်နိုင်သည်။)

ပဲတောင့်ရှည် –  ၁ တောင့်

(မိမိကြိုက်သော ရေခဲသေတ္တာထဲ သိမ်းထားသည့်

အသီးအနှံ ကြိုက်ရာထည့်နိုင်သည်။)

ပဲပြုတ် –  အနည်းငယ်

ဆား –  အနည်းငယ်

အရသာ –  အနည်းငယ်

သံပရာသီး –  အနည်းငယ်

ပြုလုပ်နည်း

ဇလုံတစ်လုံးထဲ ထမင်းထည့်ပြီး ငါးပိရည်ကျိုထည့်ပါ။ ဟင်းအနှစ် (သို့)ဆီချက် ထည့်ပြီး ပဲပြုတ်ထည့်ပါ။ ဆား၊ အရသာ၊ ငရုတ်လှော်ထည့်ပြီး ခရမ်းချဉ်သီးအစိတ်သေး လေးတွေ စိတ်ထည့်၍ ပဲတောင့်ရှည်ကို ဆိတ်ပြီး ထည့်ပါ။ သံပရာသီးညှစ်ပြီး နယ်ပါ။ အရသာအနေတော်ပြီဆိုလျှင် ဟင်းကျန်လေး အပေါ်မှာတင်ပြီး တို့စရာလေးတွေ တင်ပါ။ (နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ပြီးစားလည်း ကောင်းပါတယ်။)

Facebook Comments