ကြက်ကင်နှင့် ခရမ်းချဉ်သီးချက်

by တင္တင္ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံသား –  ၁ ခု

ခရမ်းချဉ်သီး –  ၃ လုံး

မျှင်ငါးပိ –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်သီးစိမ်း –  ၃ တောင့်

နံနံပင် –  ၃ ပင်

ငရုတ်သီးအနှစ်ချက် –  စားပွဲဇွန်း ၃ ဇွန်း

အသားမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငါးငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ကြက်သားရင်ပုံသားကို ဆားဖြင့် ပွတ်ဆေးပြီး ရေစစ်ထားပါ။

၂။         ခရမ်းချဉ်သီးကို အပေါ်ခွံရစ်ပြီး ပြုတ်ပါ။ အရောင်အရင့်ဘက် ပြောင်းလာလျှင် ဆယ်ယူပြီး ခြေထားပါ။

၃။        Pan ပေါ်မှာ ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး အိုးကို ဆီအနည်းငယ်သုတ်၍ ကင်ပါ။ တစ်ဖက်ကို ၁၀ မိနစ်ခန့် ကင်ပါ။

၄။        ပြီးလျှင် ကင်ထားတဲ့ ကြက်သားကိုထုတ်ပြီး ထပ်မံ၍ အနှစ်ချက်ပါ။

၅။        အိုးထဲ ဆီ ၁ ဇွန်း၊ ငရုတ်သီးအနှစ်ချက် ၃ ဇွန်း ထည့်ပါ။

၆။        မီးအပူပေးပြီး မျှင်ငါးပိကို ရေဖျော်ထည့်ပါ။ အရသာအတွက် အသားမှုန့်၊ ငါးငံပြာရည်ထည့်ပါ။ ခြေထားတဲ့ ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ မိမိလိုချင်တဲ့ အနေအထား (ခြောက်ခြောက်လေး စားချင်လျှင် ရေခန်းအောင် ချက်ပြီး  အစိုလေးစားချင်လျှင် ရေကျန်အောင် ချက်ပါ။) ရလျှင် နံနံပင်၊ ငရုတ်သီးစိမ်း အုပ်ပါ။ မီးဖိုပေါ်မှ ချပြီး နှစ်သက်ရာ အသီးအရွက်ကြော်နှင့် တွဲ၍

ကြက်သားကို စိတ်ကြိုက်လှီးဖြတ်ပြီး ထမင်းနှင့် သုံးဆောင်နိုင်ပါပြီ။

Facebook Comments