ကဏန်းကော်ကြော်

by မေဖြိုးသီ for Food Magazine

ပင်လယ်စာကြိုက်နှစ်သက်သူတွေကတော့ ကဏန်းကော်ကြော်လေးကို သိကြမယ်လို့ ထင်ပါတယ်။ သို့ပေမယ့် အိမ်မှာလုပ်စားဖြစ်တာ နည်းမယ်ထင်လို့ လွယ်ကူပြီး အရသာရှိတဲ့ ကော်ကြော်လေးကို တင်ပြပေးပါရစေနော်။ ကော်ကြော်လေးကတော့ ကဏန်းမှ မဟုတ်ပါဘူး။ ခရု၊ ကမာ၊ ပုစွန် အစရှိတဲ့ ပင်လယ်စာလေးတွေနဲ့လည်း တွဲဖက် ကြော်ပေးလို့ရပါတယ်။ ကဏန်းရဲ့  အနံ့လေးက တစ်မူမွှေးပျံ့လွန်းပြီး ပင်ကိုအချိုအရသာကလည်း လေးပင်တာကြောင့် ကဏန်းကိုပဲ များသောအားဖြင့် ပိုသုံးကြပါတယ်။ အဲဒီတော့ ပါဝင်ပစ္စည်းနည်းနည်းနဲ့ လွယ်ကူတဲ့နည်းလမ်းလေးကို ဆက်လက်ဖတ်ကြည့်ပါဦးနော်။

ပါဝင်ပစ္စည်းများ

ကဏန်း –  ၄ ကောင်

ကဏန်းလက်မ –  ၁၀ ချောင်း

ကော်မှုန့် –  ၂၀ဝ ဂရမ်

ရေ –  ၂၀ဝ မီလီလီတာ

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အသားမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်ဥ –  ၄ လုံး

ဆီ –  ၂၀ဝ ဂရမ်

ကုဆိုင် (သို့) ဂျု့ဆိုင် –  ၂ စည်း

ပြုလုပ်နည်း

၁။       ကဏန်းကော်ကြော် အပျော့၊ ကော်မှုန့်ဆားနှင့် အသားမှုန့်တို့ကို ရေဖြင့် နှံ့စပ်အောင် ဖျော်ထားပါ။

၂။       ထို့နောက် ကဏန်းသားကို ပေါင်း၍ နွှင်ထားပါ။

၃။       ပြီးလျှင် ဒယ်အိုးပူပူထဲ ဆီ ၃ ဇွန်းခန့် ထည့်ပြီး ကော်ရည်ကို တစ်ဝက်ခန့် ထည့်ပါ။ ထည့်ပြီးပြီးချင်း ဆက်တိုက်မွှေပါ။ ၃ မိနစ်ခန့်ကြော်ပြီးလျှင် လွတ်နေတဲ့ ဘေးနားလေးမှာ ကဏန်းသားကို

ထည့်၍ ဆက်ကြော်ထားပြီး ကြက်ဥခေါက်ထားသည်ကို ဘေးမှာ ဆက်တိုက်ကြော်ပေးကာ ကုဆိုင်လေးများ ဖြူးပေးပါ။ ကြက်ဥကြော်ပေါ် ကော်ကြော်ကို တင်ပါ။ ကော်ကြော်ပေါ်မှာ ကဏန်းသားကြော်လေးများကို တင်ပြီးလျှင် ကဏန်းကော်ကြော်အပျော့ ရပါပြီ။

၎။       ကော်ကြော်အြွကပ်လေးကိုတော့ ဇလုံတစ်လုံးထဲ ကဏန်းသား၊ ကြက်ဥဖောက်ထည့်ပြီး ညက် နေအောင် ခေါက်ထားပါ။

၅။       အိုးပူပူထဲ ဆီ ၆ ဇွန်းခန့်ထည့်ပြီး ခေါက်ထားတဲ့ကော်ရည်များ လောင်းထည့်၍ ဖိဖိပေးပြီးြွကပ်လာ သည်အထိ ကြော်ပါ။

၆။       ပြီးလျှင် ကဏန်းသားများဘေးမှာ သတ်သတ်ထပ်ထည့်၍ ကြော်ပြီး ကုဆိုင်လေးတွေ အုပ်ပေး ရင် ရပါပြီနော်။

၇။       ကဏန်းကော်ကြော်အြွကပ်၊ အပျော့ နှစ်မျိုးစလုံးကိုတော့ မုန်လာဥဖြူအချဉ်လေးနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။

Facebook Comments

Menu