ကချင်ထမင်းထောင်းနှင့် ဝက်ခြောက်စပ်ကြော်

by မေဖြိုးသီ for Food Magazine

နွေရာသီ ကုန်လွန်ထားတဲ့အတွက် အစပ်ကြိုက်မယ့် စာဖတ်သူများကို အနံ့လေးလည်း မွှေးပြီး ရှူးရှူးရှဲရှဲလေးနဲ့ ထမင်းမြိန်စေမယ့် ကချင်ရိုးရာ ထမင်းထောင်းလေးကို မျှဝေပေးချင်ပါတယ်။ ထမင်းရော၊ ဟင်းရော ပါပြီးသားဆိုတော့ ရေနွေးကြမ်းလေးနဲ့သာ လွေးလိုက်ရရင် အရမ်းပြည့်စုံသွားမှာ အမှန်ပဲနော်။ နာမည်လေးက ဆန်းပေမယ့် ပြုလုပ်ရ လွယ်ကူမယ့် အဲဒီဟင်းပွဲလေးကို ဘယ်လိုပြုလုပ်သလဲဆိုတာ စာဖတ်ပရိသတ်ကြီး ကြည့်လိုက်ကြပါဦးရှင်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ –  ၃ လုံး

ထမင်းဖြူ –  ၂၀ဝ ဂရမ်

ဖက်ဖယ်ရွက် –  ၂၀ ဂရမ်

ပင်စိမ်း –  ၁၀ ဂရမ်

ကြက်သွန်ဖြူ –  ၁၀ မြွှာခန့် (ပါးပါးလှီး)

သံပရာသီး –  ၁ လုံး

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(ထမင်းနယ်ရန် ၁ ဇွန်း၊ အသားကြော်ရန် ၁ ဇွန်း)

အရသာမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(ထမင်းနယ်ရန် ၁ ဇွန်း၊ အသားကြော်ရန် ၁ ဇွန်း)

နံနံပင် –  ၁၀ ဂရမ်

ချင်း –  ၁၀ ဂရမ် (ထောင်းပြီး အရည်ညှစ်ရန်)

သခွားသီး –  အနည်းငယ် (အလှဆင်ရန်)

ခရမ်းချဉ်သီး –  အနည်းငယ် (အလှဆင်ရန်)

ငရုတ်သီးခွဲကြမ်း –  ၅ ကျပ်သား (၇၀ ဂရမ်)

ဆီ –  ကြော်ရန် အလုံအလောက်

ဝက်သား –  ၂၀ဝ ဂရမ်

ပြုလုပ်နည်

၁။       ထမင်းထောင်းအတွက် ဖက်ဖယ်ရွက်၊ ကြက်သွန်ဖြူ ၁ မြွှာ၊ နံနံပင်၊ ငရုတ်သီးစိမ်းနှင့် ပင်စိမ်း တို့ကို ထောင်းထားပါ။

၂။       ထမင်းဖြူကို ဇလုံတစ်လုံးထဲ ထည့်ပြီး ဆား၊ အရသာမှုန့်၊ ဆီ စားပွဲဇွန်း ၁ ဇွန်းနှင့် အမွှေးရွက်ထောင်းများ ထည့်၍နယ်ပါ။ သံပရာသီး ၁ စိတ် အနံ့မွှေးရန် ညှစ်ပါ။

၃။       ပြီးလျှင် ခွက်အလှထဲ ပုံဖော်ထည့်ပါ။

၎။       ဝက်သားကြော်ရန် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ရှေးဦးစွာ ရွှေညိုရောင်သန်းအောင်

ကြော်ပါ။

၅။       ဝက်သားကို ချင်း၊ ရေ၊ ဆား၊ အရသာမှုန့်ဖြင့် နယ်ထားပြီး ကြက်သွန်ကြော်ဆီထဲ ထည့်၍ ကြော်ပါ။

၆။       အသားလေးများ ရဲပြီးြွကပ်ခါနီးမှာ ဆယ်ယူ၍ ဆီများဖယ်ထားပါ။

၇။       ゞင်းအိုးထဲ ပဲ၊ ငရုတ်သီးအကြမ်းမှုန့်ကို ကြက်သွန်ကြော်၊ ဆီ ၂ ဇွန်းခန့်ဖြင့် မွှေပြီး ကြက်သွန် ကြော်နှင့် ဝက်သားကြော်ကို ရောမွှေပါ။

၈။       ပြီးလျှင် ထမင်းထောင်းလေးနှင့် ဝက်သားကြော်လေးရပါပြီ။ အဲဒီဟင်းပွဲလေးကို သခွားသီး၊ ခရမ်းချဉ်သီးလေးများဖြင့် အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments