Vol 6, No 5, May, 2017 Issue

အယ်ဒီတာ့စကား

          Food Magazine ကို အစဉ်တစိုက်အားပေးကြသော ပရိသတ်များ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။

          မေလထုတ် Food Magazine ကိုစီစဉ်ရာမှာ သင်္ကြန်ပိတ် ရက်ရှည်တွေကြောင့် စောစောစီးစီးပဲ ပြင်ဆင်ပြီး စီစဉ်ခဲ့ရပါတယ်။ ဖောင်စောစောပိတ်ဖို့အတွက်ဆို အားလုံးပဲ စာမူတွေစောစောစီးစီးပြီး ဖို့အရေး ကြိုးစားရပြန်ပါတယ်။ ဒါပေမဲ့လည်း စာရေးသူ စားဖိုမှူးများရဲ့စွမ်းအားများနဲ့ အယ်ဒီတာအဖွဲ့ရဲ့ အားထုတ်မှုကြောင့် အချိန်မှီပြီးအောင် စီစဉ်နိုင်ခဲ့ပါတယ်။ ခြောက်နှစ်သား Food Magazine အတွက် ပထမဦးဆုံးအတွေ့အကြုံမဟုတ်ပေမယ့် နှစ်တိုင်းဒီအချိန် ရောက်တိုင်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

          ဒီတစ်လမှာတော့ ပရိသတ်အတွက် စိတ်လှုပ်ရှားစရာတွေကို Food Magazine အဖွဲ့သားတွေက ထပ်မံယူဆောင်လို့ လာခဲ့ပြန်ပါပြီ။ Food Magazine စတင်ထုတ်ဝေကတည်းက အစဉ်တစိုက်ပါဝင်ရေး သားလာခဲ့တဲ့ ချိုဝတ်ရည် (Wutyee Food House)  ရဲ့  WUTYEE GOURMET FOODS စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။ အား လုံးစောင့်မျှော်နေကြ သူတွေ မျှော်ရကျိုးနပ်မယ့်အပြင်အဆင်နဲ့ ထွက်ရှိလာပြီဖြစ်ပါတယ်။

          Food Magazine မေလထုတ်အနေနဲ့ သတိပြုမှတ်သားစရာ အကောင်းဆုံးကတော့ ဆရာဒေါက်တာလှကြည်ရေးသားတဲ့  ဂေါက် (Gout) အဆစ်ရောင်ရောဂါနှင့် အစားအသောက်ဆောင်းပါးလေးက ကျွန်တော်တို့အမျိုးသား အများစုမှာ ဖြစ်လေ့ရှိတဲ့ ရောဂါ အကြောင်းနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို အကြံပြုရေးသားထားလို့ အထူးမှတ်သား ဖွယ်ရာအဖြစ် သတိပြုမိပါတယ်။

          ဟင်းချက်နည်း မုန့်လုပ်နည်းများထဲမှာ ဒီတစ်လ Food Editor အနေနဲ့ရော အစားအစာချက်ပြုတ်တဲ့ စားဖိုမှူးတစ်ယောက်အနေနဲ့ပါ ကြိုက်နှစ်သက်မိတာက DEXTER NG ရဲ့ Fruit Brownies လုပ်နည်း တွေဖြစ်ပါတယ်။ တစ်မျိုးကို သေသေချာချာလေ့လာပြီး လိုက်လုပ် ကြည့်လိုက်တာနဲ့ ကျန်တဲ့အမျိုးအစားတွေကိုပါ လွယ်လွယ်ကူကူ လိုက်လုပ်နိုင်မယ့် နည်းလေးတွေကို မျှဝေပေးထားတာဖြစ်လို့ စာဖတ်ပရိသတ် ဝါသနာရှင်များအတွက်လည်းအခက်အခဲမရှိလိုက်လုပ်ရ အဆင်ပြေမယ့်နည်းလေးတွေ ဖြစ်ပါတယ်။ တစ်ဆက်တည်းပြောရ မယ်ဆိုရင်တော့ ကျွန်တော်တို့မြန်မာပြည်မှာလည်း ကိတ်မုန့်၊ ပေါင်မုန့်နဲ့ ကော်ဖီစားသောက်မှုယဉ်ကျေးမှုကလည်း တစ်စတစ်စ ခိုင်မာပြီး ကျယ်ပြန့်တဲ့ဈေးကွက်အဖြစ် တဖြည်းဖြည်းပုံပေါ်လာတာနဲ့အမျှ  ကိတ်မုန့်၊ ပေါင်မုန့်လုပ်နည်းတွေကိုလည်း စားသုံးသူများ ပိုမိုစိတ်ဝင် စားလာတာကို တွေ့ရပါတယ်။ ဒီနေရာအတွက် လိုအပ်ချက်တွေကို Food Magazine ရဲ့ စားဖိုမှူးစာရေးသူများကဖြည့်ဆည်းပေးနေပါ တယ်။

          ကျန်စားဖိုမှူးတွေရဲ့ လက်ရာတွေကိုလည်း ထုံးစံအတိုင်း ရိုးအီမ သွားအောင် တစ်ယောက်စီက ဆန်းသစ်တီထွင်ပြီး တင်ပြပေးထားတာ ဖြစ်လို့ စာဖတ်သူများအနေနဲ့ မတူညီတဲ့ဖန်တီးမှုများကို ဆက်လက် မြင်တွေ့ရဦးမယ့် Food Magazine မေလထုတ်ကို ပရိသတ်များလက် ထဲ အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

♦ သစ်ထူး (Food Editor) ♦

Facebook Comments