Vol 6, No 3, March, 2017 Issue

အယ်ဒီတာ့စကား

          Food Magazine ဖတ်ပရိသတ်ကြီးကို လစဉ်လတိုင်းမိတ် ဆက်စကားလေးပြောရတာ မိသားစုအမျိုးတွေလို ဖြစ်လို့နေပါပြီ။ မင်္ဂလာပါခင်ဗျာ . . . အားလုံး စိတ်ကျန်းမာကိုယ်ချမ်းသာရှိကြလိမ့် မယ်လို့မျှော်လင့်ပါတယ်။

          ကိုယ့်မိသားစုတွေကို နွေရောက်ပြီနော်ဆိုတဲ့သတိစကား လေးပြောကြားရင်း အပူဒဏ်အတွက်လည်း ပြင်ဆင်ထားနိုင်ဖို့ ကြို တင်ပြောပါရစေ။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးပူလာတဲ့နွေရာသီတွေကိုပြောင်းလည်း ပစ်ဖို့မလွယ်ကူလေတော့ အနေအထိုင်၊ အစား အသောက်တွေကိုသတိထားပြီး ပြောင်းလဲရမှာဖြစ်ပါတယ်။ ဒီလို ပြောင်းလဲပေးဖို့အတွက် Food Magazine စာရေးသူ စားဖိုမှူးများကအကြံ ပေးတင်ပြထားကြပါတယ်။

          Food Magazine Eating Out ကဏ္ဍကိုရေးလာခဲ့ရာမှာ အကောင်းဆုံးအတွေ့အကြုံများထဲက တစ်ခုလို့ ပြောလို့ရနိုင်မယ့် Strand Yangon ရဲ့ The Strand Restaurant အညွှန်းကိုဖတ်ပြီး အခါအခွင့်သင့်ရင် သွားရောက်မြည်းစမ်းကြည့်ဖို့အတွက် တင်ပြပေး ထားပါတယ်။

          ခရီးသွားခြင်းနဲ့ ဒေသအစားအစာတွေကိုဖော်ပြပေးလေ့ရှိတဲ့ Food & Travel ကဏ္ဍအတွက်တော့ ဒီတစ်လမှာ ကိုမြင့်ဦးသာက ပြည်မြို့ကိုရောက်ခဲ့တဲ့အတွေ့အကြုံတွေကို ပြန်လည်ဖောက်သည် ချပေးထားပါတယ်။

          Food Magazine ရဲ့ Food အယ်ဒီတာအနေနဲ့ ဒီတစ်လအတွက် အကြိုက်တွေ့မိတဲ့ အစားအစာတင်ဆက်ခြင်းတွေကတော့ စားဖိုမှူးစာရေးသူ ဆိုဖီယာရဲ့ ရှမ်းဒေသရိုးရာအစားအစာလေးများ ကို သဘောကျနှစ်ခြိုက်မိပါတယ်။ အမဲခြေထောက်အသားချဉ်လုပ် နည်းကလည်း ဗဟုသုတရစေတဲ့အပြင် မတူညီတဲ့အသားတွေနဲ့ အစားထိုးပြုလုပ်နိုင်မယ့် အကြံလေးတစ်ခုရခဲ့ပါတယ်။ ကျွန်တော်တို့ သက်သတ်လွတ်ဟင်းတွေချက်ပြုတ်တဲ့အခါ အသုံးပြုလေ့ရှိတဲ့ အသားတုလုပ်နည်းလေးကိုလည်း ရှင်းလင်းလွယ်ကူတဲ့နည်းနဲ့ တင်ပြထားပြန်ပါတယ်။ နောက်တစ်မျိုးဖြစ်တဲ့ အသားခြောက်လုပ် တဲ့နည်းလေးကလည်း ဗဟုသုတတိုးစေတဲ့အပြင် အအေးပိုင်းဒေသ မှာနေကြတဲ့ စာဖတ်သူများ လက်တွေ့အသုံးချပြီး တာရှည်ထားစား လို့ရမယ့်နည်းလေးအဖြစ် အသုံးဝင်နေမှာဖြစ်ပါတယ်။

          နောက်ထပ်လည်း ရာသီနဲ့လိုက်ဖက် အစပ်တည့်စေ၊ ကျန်းမာ ရေးနဲ့လည်းညီညွတ်စေမယ့် အစားအစာချက်ပြုတ်နည်းတွေကို စားဖိုမှူးများက သူတို့ကိုယ်ပိုင်ကဏ္ဍအလိုက် တင်ဆက်ထားတဲ့ အတွက် မတ်လထုတ် Food Magazine ကလည်းယခင်လများ နည်းတူ ပရိသတ်အတွက်အကူအညီရစေမယ့် ကျန်းမာရေးအဖော်၊ မီးဖိုဆောင်အကြံပေးစာအုပ်တစ်အုပ်အဖြစ် အသုံးဝင်၊ အသုံးတည့်နေဦးမှာ ဖြစ်ကြောင်းပြောရင်း မတ်လထုတ် Food Magazine စာ အုပ်ကို စာဖတ်ပရိသတ်များထံ အရောက်ပို့ဆောင်ပေးလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

♦ သစ်ထူး (Food Editor) ♦

Facebook Comments