Vol 6, No 2, February, 2017 Issue

အယ်ဒီတာ့စကား

          Food Magazine ကိုဖတ်ရှုအားပေးရတဲ့ပရိသတ်ကြီးကို စကားပြောခွင့်ရပြန်ပါပြီ။ ဒီတစ်လမှာတော့ Food Magazine မှာ ပါဝင်ရေးသားကြသူများ မကြာခင်ရောက်လာတော့မယ့် ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး ချက်ပြုတ်နည်း၊ ဖျော်ရည်ဖျော်စပ်နည်းနဲ့ မုန့်လုပ်နည်းများကို တင်ဆက်ပေးထားပါတယ်။ စားဖိုမှူးမခိုင်စည်သာအောင်က ချစ်သူအတွက် ချက်ပေးလို့ရမယ့် ဟင်းချက်နည်း များနဲ့အသည်းပုံပန်ကိတ်လုပ်နည်းလေး တင်ဆက်ပေးထားပါတယ်။ အမှတ်တရများစွာနဲ့ အောင်မြင်မှုတွေရခဲ့တဲ့ ပရဟိတစားဖိုမှူးကြီး  Dexter ကတော့ မုန့်လုပ်နည်းများစွာနဲ့ ချစ်သူတွေကိုလက်ဆောင် ပေးထားပါတယ်။ Batender Kelvin ရဲ့ ချစ်သူများ နေ့အတွက် အမှတ်တရဖျော်စပ်နည်းတွေကလည်း ထူးခြားပြီး ချစ်သူစုံတွဲများ ကြိုက်နှစ်သက်မယ့် နည်းဆန်း လေးတွေဖြစ်ပါတယ်။ နောက်ထပ်ထူးထူးခြားခြားလေးတစ်ခုကတော့ Mashmallow လုပ်နည်းလေးကို Kitchen for Kid ကဏ္ဍမှာ ဖော်ပြပေးထားပါတယ်။ ဒီလို လွယ်ကူဆန်းပြားတဲ့ မုန့်လုပ်နည်း၊ ချက်ပြုတ်နည်းတွေအပြင် ပါဝင်နေကျ ဆရာမကြီး ဒေါ်ဆန်းဆန်းဦး (မြန်မာအသံ) ရဲ့ ရွှေပဲသီး အကြောင်းနဲ့ချက်ပြုတ်နည်းတွေကို လေ့လာရမှာဖြစ်ပါတယ်။ FOOD MAGAZINE FACEBOOK မှာ လူကြိုက်များသွားတဲ့ ဆူးလေရှန်ဂရီလာ ရန်ကုန်ရဲ့ ကဖေးဆူးလေက ဘာဘီကျူဘူဖေး အကြောင်းနဲ့ YKKO ရဲ့ ၃၇ ဆိုင်မြောက်ဆိုင်က ဘယ်နားမှာ ဖွင့်လိုက်တာလည်းဆိုတာရယ်၊ ခနောစားသုံးသူတွေထဲက ကံထူးရှင်တွေ ပေါ်ထွက်လာပြီဆိုတာလေးတွေကို ပြည့်ပြည့်စုံစုံသိရမယ့် This & That ကိုလည်း ဝေဝေဆာဆာထည့်ပေးထားပါတယ်။ Food Magazine စာဖတ်ပရိသတ်များအနေနဲ့ အစားအစာနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတများ မျှဝေပေးနေတဲ့ ဆရာကြီး ဒေါက်တာလှကြည်ကလည်း အခွံမာအစေ့အဆံများအကြောင်းကို တင်ပြပေးထားပါတယ်။

          အစဉ်အလာမပြတ်တင်ဆက်ပေးလိုက်တဲ့ ဖေဖာာ်ဝါရီလ ထုတ်ကိုဖတ်ရှုရင်း အစားအစာနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတ များ တိုးပွားပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရင်း မကြာခင်ရောက်လာ တော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်အတွက်ပါ Happy Chinese New Year ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments