Vol 5, No 9, September, 2016 Issue (Editorial)

09_Sep_2016Vol 5, No 9, September, 2016 Issue (Editorial)

        Food Magazine စက်တင်ဘာလထုတ်ကို ပြင်ဆင်ရတဲ့ သြဂုတ်လထဲမှာတော့ မိုးစက်မိုးပေါက်တွေနဲ့အတူ အဖြစ်အပျက်တွေ၊ အမှတ်တရတွေရှိနေသည်။ စိတ်မကောင်းစရာ အဖြစ်အပျက်ကတော့ မနှစ်က ဒီလိုအချိန်မှာ သတင်းမီဒီယာများ၊ လူမူကွန်ယက်များမှာ ရေကြီး၊ ရေလျှံ၊ ရေဘေးသင့်တဲ့ သတင်းတွေက နေရာယူထားသလို ဒီနှစ်၊ ဒီချိန်မှာလည်း ရေကြီး၊ ရေလျှံ၊ ရေဘေးသင့်တဲ့သတင်းတွေက မဖြစ်မနေ နေရာယူကြပြန်သည်။ နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန်သည့် သြဂုတ်လ ၁၁ နေ့ထိ စာရင်းဇယားများအရ တိုင်းနှင့် ပြည်နည် ၈ ခုမှ မြို့နယ်ပေါင်း ၇၁ မြို့နယ်တွင် ရေကြီး၊ ရေလျှံမူများဖြစ်ခဲ့ပြီး (ဖြစ်နေပြီး) အိမ်ထောင်စုပေါင်း တစ်သိန်းကျော်မှ လူဦးရေ ၄၃ဝဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားခဲ့ရကာ ၆ ဦးသေဆုံးခဲ့တယ်လို့ဆိုသည်။ အစိုးရရော လူမူအသိုင်းအဝိုင်းအာလုံး ဖြေရှင်းကြရပြန်သည်။ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှု ထိခိုက်အလွယ်ဆုံး ဒုတိယအဆင့်တွင်ရှိနေသည်ဟုလည်း သိရသည်။ ဒါကြောင့် ဒီနှစ်ဒီရာသီကုန်လို့ မေ့မေ့ပျောက်ပျောက် မရှိကြဘဲ နောက်နှစ် ဒီလိုရာသီအတွက် ခုကတည်းက ကြိုတင်ပြင်ဆင်သင့်သည်ဟု ယုံကြည်မိသည်။

        အမှတ်တရတစ်ခုအနေနဲ့ကတော့ လစဉ်ပါဝင်နေကြ Celebrities in the Kitchen အတွက် အယ်ဒီတာအာဂက နိုင်ငံတကာရုပ်သံလိုင်း star world ရဲ့ Asia Next Top Model တွင် အဆင့် (၇)ထိပါဝင်ခဲ့တဲ့ မော်ဒယ် မေမြတ်နိုးနဲ့ဆက်သွယ်လို့ သူ့ရဲ့ ချက်ပြုတ်နေစဉ် အလှပုံများနဲ့ အင်တာဗျူး ကဏ္ဍ မေးမြန်းတင်ဆက်ခဲ့သည်။ မေးမြန်းတင်ဆက်ရာနေရာ တက္ကသိုလ်ရိပ်သာလမ်းက Green Elephant Restaurant စားသောက်ဆိုင်သို့ အရောက်သွားလို့ ဓာတ်ပုံဆရာကို မြတ်သော်၊ အာဂ၊ မသီသီထွေး (Green Elephant Restaurant)တို့နဲ့အတူ Food Magazine ကြော်ငြာအတွက် တလက်စတည်း ဓာတ်ပုံရိုက်ကူးရေးလုပ်ဖြစ်ခဲ့သည်။ မော်ဒယ်မေမြတ်နိုးရဲ့ နိုင်ငံတကာအတွေ့ကြုံများ၊ ကျွမ်းကျင်ပိုင်နိုင်မှုများနဲ့ အားလုံးရဲ့ ကြိုးစား မူကြောင့် ပုံလှ၊ ပုံကောင်းများရခဲ့၊ ကျေနပ်ရလို့ အမှတ်တရရှိခဲ့သည်။

        Food Magazine စက်တင်ဘာလထုတ်ကို ပါဝင်နေကြ Food Magazine နာမည်ကြီး ပင်တိုင်ဟင်းလက်ရာရှင်များရဲ့ ဟင်း၊ မုန့်၊ အဖျော် လက်ရာအစုံအလင်နဲ့အတူ Cast Iron မီးဖိုချောင်သုံးအိုးများအကြောင်း၊ Herbs ဟင်ရွက်အမွှေးကြိုင်များအကြောင်း၊ ဝိုင်သောက်သုံးခြင်းအပိုင်း (၂)၊ မြန်မာအစားအစာမုန့်လင်မယား၊ တောရှောက်သီး အကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထည့်ထားတဲ့ ဖျော်ရည်တွေအကြောင်း၊ အစာမျှင်ပိုးဇာ အိုလံပစ်အဆင့်အားကစားသမားတွေ တစ်နေ့ကို ကယ်လိုရီဘယ်လောက် လိုအပ်ပါသလဲ။ ပုလဲကွန်ဒိုက The West စားသောက်ဆိုင် အညွှန်းအပြင် အခြားစိတ်ဝင်စားဖွယ်အကြောင်းများကို ဝေဝေစာစာတင်ဆက်ထားတာဖြစ်လို့ စာရှုသူများ ခုလထုတ်ကိုလည်း ကြိုက်နှစ်သက်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ရင်းစာရှုသူများ ကျန်းမာ၊ ပျော်ရွင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

သုတ

အယ်ဒီတာချုပ်

Facebook Comments