Vol 3, No 12, December, 2014 Issue (EDITORIAL)

05_May_2015

   Food Magazine ကို အားပေးနေကြတဲ့ပရိသတ်ကြီးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုလိုက်ပါတယ်။ မိုးရာသီဟာလည်း မကုန်ချင့်ကုန်ချင်နဲ့ ကုန်သွားပြီးတဲ့နောက်မှာ ဆောင်းအဝင်အအေးဓာတ်လေးကိုလည်း မျှော်လင့်နေကြမယ် ထင်ပါတယ်နော်။ ဒီဘက်နောက်ပိုင်းနှစ်တွေဟာ ကျွန်တော်တို့ ငယ်ငယ်အရွယ်ကနဲ့ မတူတော့ဘဲ ပူချိန်ကလည်း သိသိသာသာ မြင့်တက်လာပါတယ်။ ဒါကြောင့် ပရိသတ်များအနေနဲ့လည်း ပြောင်းလဲလာတဲ့ဥတုရာသီများနဲ့ လိုက်ဖက်မျှတမယ့် အစားအစာများကို ရွေးချယ်စားသုံးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
စီးပွားရေးပွင့်လင်းလာတဲ့ အချိန်အခါဖြစ်တာကြောင့် စားသောက်ကုန်တင်သွင်းနိုင်ခြင်း အခွင့်အလမ်းများ ပိုလာပြီး အရင်ကထက်ပိုကောင်းတဲ့ အရသာ၊ အရည်အသွေး၊ တင်ဆက်ပုံ ဖန်တီးမှုတွေနဲ့ ပြည်တွင်းက ရိုးရာအစားအစားများပါမက နိုင်ငံတကာက အစားအစာတွေကိုပါ။ အလွယ်တကူ စားသုံးနိုင်လာကြပြီ ဖြစ်ပါတယ်။ Food Magazine မှာ ပါဝင်ရေးသားပေးနေကြတဲ့ Contributor များကလည်း ဒီရေစီးကြောင်းနဲ့အညီ တစ်လထက်တစ်လ ပိုမိုထူးခြားပြီး အရသာရော အရည်အသွေးပါကောင်းမွန်တဲ့ ဟင်းချက်နည်း၊ မုန့်လုပ်နည်း၊ ဖျော်ရည်ဖျော်စပ်နည်းများကို တီထွင်စမ်းသပ်ပြီး အစဉ်အလာမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

     ပရိသတ်ကြီးရေ … ဒီဇင်ဘာလမှာတော့ နိုင်ငံတကာ ပွဲတော်ရက်တွေ ရှိတာနဲ့အညီ ပါတီပွဲ၊ ပျော်ပွဲရွှင်ပွဲများနဲ့လိုက်ဖက်မယ့် ချက်ပြုတ်နည်း မုန့်လုပ်နည်းများကို EVY’S KITCHEN နဲ့ SYILWIN FOODS GARDEN တို့က တင်ဆက်ပေးထားပါတယ်။ Htet Family တင်ဆက်ပေးထားတဲ့ ခေါက်ဆွဲချက်နည်းများကလည်း မပင်မပန်းနဲ့ မိသားစုမိတ်ဆွေများအတွက် ဧည့်ခံချက်ပြုတ်ကျွေးနိုင်ဖို့ လွယ်ကူတဲ့နည်းလေးတွေ ဖြစ်ပါတယ်။ WUTYEE FOOD HOUSE ကတော့ ဒီတစ်လမှာ အိန္ဒိယဟင်းလျာတွေကို တင်ပြပေးထားပါတယ်။ နောက်ထပ် ထူးခြားမှုတစ်ခုအနေနဲ့ ဒီတစ်လမှာ Dexter’s Bistro က ရုံးပတီသီး သီးသန့်အဖြစ် ချက်နည်းမျိုးစုံကို ဆန်းသစ်ဖော်ပြထားပေးပါတယ်။ ကျွန်တော်တို့လေးစားအားကျရတဲ့ ကိုဆန်နီ ၅+ 5+ Presenter Chef  ကြီးကတော့ သူ့မူ သူ့ရဲ့စတိုင်လ် အတိုင်း ပြည်တွင်းတစ်မျိုး၊ ပြည်ပတစ်မျိုးအဖြစ်  ထားဝယ်စာတစ်မျိုး၊ ဥရောပတစ်မျိုးကို စိတ်ဝင်စားစရာကောင်းအောင် ဖွယ်ဖွယ်ရာရာ တင်ဆက်ပေးထားပါတယ်။ MRTV-4  ရဲ့ Food & Deco စားဖိုမှူးကြီး ကိုမြင့်ဦးသာ ကလည်း ဒီတစ်လမှာ အသုပ်မျိုးစုံကို လက်စွမ်းပြထားပါတယ်။ နောက်ထပ်လည်း ပါဝင်နေကျ ဆရာကြီးဒေါက်တာဦးလှကြည်၊ ဆရာမကြီး ဒေါ်နန်းစန်းစန်းအေး(အဓိပတိ)၊ ဆရာမ ဒေါ်ဆန်းဆန်းဦး (မြန်မာ့အသံ)တို့ရဲ့ ပါဝင်နေကျကဏ္ဍတွေနဲ့ MEE MEE TOFU ရဲ့ မုန့်လုပ်နည်းနဲ့ ချက်ပြုတ်နည်းလက်ရာ၊ Pyone ရဲ့  Beverages လက်ရာတွေကိုပါ ဝေဝေဆာဆာ တင်
ဆက်ပေးထားပြီး ပွင့်လင်းရာသီ အထက်အညာဒေသ ခရီးသွားကြမယ့်သူများအတွက်ကတော့ ရတနာပုံမြေက Green Elephant ဆိုင်အကြောင်းနဲ့ လူတန်းစားအလွှာ အသီးသီးကြားမှာ ရေပန်းစားနေ တဲ့ ဒေါင်းလန်းကြီးဆိုင်ရဲ့ အကြောင်းကိုလည်း အယ်ဒီတာအဖွဲ့ သွားရောက်လေ့လာပြီး Owner Chef အစီအစဉ်ကနေ တင်ပြပေးထားတဲ့ ဒီဇင်ဘာလထုတ် Food Magazine ကို ပရိသတ်များလက်ထဲ အရောက်ပို့ဆောင်ပေးလိုက်ပါတယ်နော် … ။

အစဉ်ထာဝရလေးစားလျက်
သစ်ထူး
Food Editor

Facebook Comments