Vol 6, No 1, January, 2017 Issue

အယ်ဒီတာ့စကား

            Food Magazine ပရိသတ်များကို ၅ နှစ်မြောက်နှစ်ပတ်လည် စာအုပ်မှာ အယ်ဒီတာစကားပြောခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ၅ နှစ်ဆိုတဲ့ အတိုင်းအတာတစ်ခုမှာ ကျွန်တော်တို့လက် တွဲဆောင်ရွက်ပြီး ချီတက်လာခဲ့တဲ့သက်တမ်းဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုအခြေခံတဲ့ ယုံကြည်မှု၊ ကူညီ ဖေးမမှုများစွာနဲ့ ဒီအခြေအနေကို ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အရင်နှစ်တွေကပြောခဲ့သလိုပဲ Food Magazine အဖွဲ့သားတွေဟာ အားပေးသူပရိသတ်များရဲ့ အကြံပြုထောက်ပြသံများကို အမြဲနားစွင့်ပြီးလိုအပ်ချက်များ ဖြည့်ဆည်း ချီတက်နေဦးမှာဖြစ်ပါတယ်။ အားပေးကြတဲ့ ပရိသတ် များရဲ့  ဝေဖန်ထောက်ပြမှုများကိုလည်း ကျေးဇူးတင်စွာကြိုဆိုနေတယ်ဆိုတာ ထပ်မံအသိပေးလိုပါတယ်။

            ဒီတစ်လအတွက်ကတော့ မြန်မာပြည်ကိုအလည်ရောက်လာတဲ့ UK Master Chef 2011 Finalist နောက်ဆုံးစကာတင် စားရင်းဝင်တစ်ယောက်ဖြစ်တဲ့ Chef Sara နဲ့ ကျွန်တော် သွားရောက်တွေ့ဆုံပြီး သူ့ရဲ့အတွေ့အကြုံ၊ ခံယူချက်နဲ့ Master Chef အစီအစဉ်တစ်လျှောက် ဖြတ်သန်းခဲ့ရပုံတွေကို မေးမြန်းပြီး ပြန်လည်တင်ပြပေးထားပါတယ်။ အီတလီနိုင်ငံသူ၊ သူနာပြု ဆရာမတစ်ယောက် ဘဝကနေ ယနေ့ကမ္ဘာ့ထိပ်တန်းနာမည်ရနေတဲ့ ပြိုင်ပွဲအစီအစဉ်တစ်ခုမှာ နာမည်ကြီးကျော်ကြားခဲ့ပုံတွေကို စိတ်ဝင်စားဖွယ်၊ အတုယူဖွယ်များကို လေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။

            နှစ်သစ်ကူးလက်ဆောင်၊ Food Magazine ၅ နှစ်ပြည့်လက်ဆောင်အဖြစ် ဈေးဝယ်စာရင်းမှတ်စုစာအုပ် Shopping Pad တစ်အုပ်စီကိုလည်း Food Magazine ယခုလထုတ် တစ်အုပ်ဝယ်ယူသူတိုင်းအတွက် လက်ဆောင်အဖြစ် ထည့်ပေးထားပါတယ်။ Food Magazine မှာ ပါဝင်ရေးသားကြသူ စာရေးသူ၊ စားဖိုမှူးများကလည်း နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်စကားများကို ပရိသတ်များအတွက် ပြောပေးထားပြီး တစ်ဦချင်းစီရဲ့ အစဉ်အလာမပျက်တဲ့ တီထွင်ဆန်းသစ်ထားတဲ့ အစားအစာ၊ ဟင်းလျာကောင်းများနဲ့ မုန့်လုပ်နည်း၊ ဖျော်စပ်နည်းများပါဝင်တဲ့ ၂ဝ၁၇ ရဲ့ ပထမဦးဆုံးစာအုပ်ကို ပရိသတ်များ လက်ဝယ်အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။

အစဉ်ထာဝရလေးစားလျက်

သစ်ထူး

Food Editor

Facebook Comments