အယ်ဒီတာ့စကား

Food Magazine ပရိသတ်ကြီးအားလုံး မင်္ဂလာပါ။

မိုးရာသီဆိုတော့ ရာသီပေါ်အစားအစာလေးတွေ ပေါသလို ရာသီပေါ် တုပ်ကွေးတွေလည်း ဖြစ်နေကြတော့ အထူးဂရုစိုက်ကြပါနော်။ “ဝါဆို-ဝါခေါင် ရေဖောင်ဖောင်” ဆိုတဲ့ စာဆိုအတိုင်း မိုးတွေကလည်း အဆက် မပြတ်ရွာသွန်းနေတော့တာပါပဲ။ အဲဒီလို မိုးတွေရွာပြီဆို အပြင်ထွက်ရမှာ ပျင်းလို့ မထွက်ချင်ပါဘူး။ ဒါပေမဲ့ အစားအသောက်အတွက်ဆို ဘယ် လောက်ပဲ မိုးရွာရွာ ဈေးဝယ်ထွက်ကြ၊ ဆိုင်တွေသွားစားကြဖို့ဆိုရင်တော့ အပြင်ထွက်ရမှာ မပျင်းကြပါဘူး။ တစ်ခါတလေ စကားပုံတစ်ခုကို တွေးမိ တယ်။ “ရေအသက် တစ်မနက်၊ ထမင်းအသက် ခုနစ်ရက်” ဆိုတာလေး လေ။ ရေကတော့ ကျန်းမာရေးအတွက် ဆုလာဘ်မို့ ရေမရှိရင် မနေနိုင်ကြ တာ အမှန်ပါ။ ထမင်းအသက် ခုနစ်ရက်ဆိုတာကျတော့ ထမင်း ခုနစ်ရက် မစားရင် မသေနိုင်ဘူးလို့ဆိုကြပေမယ့်လည်း လူတွေအတွက် ထမင်း ကလည်း အဓိကကျတာပဲလေ။ ကိုယ်တွေလို အစားတစ်လိုင်းတွေဆို ခုနစ်ရက်မပြောနဲ့ တစ်ရက်တောင်မနေနိုင်ပါဘူးနော်။ တစ်နေ့တစ်နေ့ ဘာစားရမလဲလို့ စဉ်းစားနေရတာနဲ့ အလုပ်တွေကို ရှုပ်လို့။ အိမ်မှာ အဆင်သင့်ချက်ပြုတ် ကျွေးမွေးနေတဲ့ မေမေ့ကိုတောင် မေမေ ဒီဟင်းကြီး ပဲလား၊ ဟင်းတွေထပ်နေပြီလို့တောင် မိခင်တွေရဲ့ စဉ်းစား ချက်ပြုတ်ပေး နေတဲ့ ဒုက္ခတွေကိုတောင်မသိဘဲ ပြောမိသေး။ အမှန်ဆို အပြင်မှာ အလုပ် လုပ်နေတဲ့လူတွေ ပင်ပန်းသလို အိမ်မှာ နေ့စဉ်ဈေးဝယ်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မတွေလည်း ပင်ပန်းကြပါတယ်။ အဲဒီလိုနေ့စဉ် ဈေးဝယ်ချက် ပြုတ်ဖို့ အခက်အခဲတွေ မဖြစ်ရအောင် ကူညီပေးမယ့် ဩဂုတ်လထုတ် Food Magazine လေးထွက်ရှိလို့ လာပါပြီနော်။

ဒီလမှာလည်း ဝါတွင်း ၃ လအတွင်း ဥပုသ်သီတင်းစောင့်တည်ကြ တဲ့သူတွေအတွက် မြင့်ဦးသာနဲ့ အံ့ဝင့်ထွဋ်ရဲ့ အချိန်တိုတွင်း အလွယ်တကူ ပြင်ဆင်ချက်ပြုတ်နိုင်အောင် သက်သတ်လွတ်ဟင်းလျာလေးတွေကို ရေးသားဖော်ပြပေးထားပြီး ပန်းခရေရဲ့ မိုးတွင်းမှာ ပေါ်ပေါက်လေ့ရှိတဲ့

ရာသီစာ အစားအစာလုပ်နည်းလေးတွေကိုလည်း ဖော်ပြပေးထားပါ

တယ်။ တခြား စားဖိုမှူးကြီးများရဲ့ ဟင်းလက်ရာစုံစုံလင်လင်နဲ့ ဗဟုသုတ အကြောင်းအရာများစွာကိုလည်း ထည့်သွင်းဖော်ပြပေးထားလို့ တစ်နေ့ တစ်နေ့မရိုးရအောင် အစားအသောက်တွေကို စီမံချက်ပြုတ်နိုင်ပြီး ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာကောင်းသော နေ့သစ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Nway Nadi Zaw

Editor

Facebook Comments

Menu