အယ်ဒီတာ့စကား

Food Magazine ပရိသတ်ကြီး မင်္ဂလာပါ။ မိသားစုအတွက် တစ်နေ့တစ်နေ့ မရိုးရအောင် စီမံချက်ပြုတ်နေရတဲ့ အိမ်ရှင်မများနဲ့ အစားအသောက် ပြင်ဆင်ချက်ပြုတ်ရတာကို စိတ်ဝင်စားတဲ့သူ တိုင်းအတွက် အလွယ်တကူ ပြင်ဆင်ချက်ပြုတ်နိုင်ဖို့နဲ့ ဟင်းချက် လက်ရာ၊ အစားအသောက်အာဟာရ၊ ကျန်းမာရေးကို စိတ်ဝင်စားသူ အားလုံးအတွက် မိုးအေးအေးလေးနဲ့အတူ ဇူလိုင်လထုတ် Food Magazine ထွက်ရှိလို့လာပါပြီ။

ဒီလမှာလည်း Food Magazine ရဲ့  နာမည်ကြီး ပင်တိုင်စားဖိုမှူး များက ဝါတွင်းကာလမှာ သက်သတ်လွတ်သမားများအတွက် ဟင်းလျာများ၊ မိုးရာသီနဲ့လိုက်ဖက်မယ့် ဟင်းလျာလေးများကို  အလွယ်တကူချက်ပြုတ်နိုင်အောင် ရေးသားတင်ပြပေးထားပြီး ပရိသတ်ကြီးနဲ့ ခဏတာအလှမ်းကွာခဲ့တဲ့ Evy’ Kitchen ရဲ့  မုန့်လုပ်နည်းတွေကိုလည်း အသစ်တစ်ဖန် ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။

ဇူလိုင်လဟာ မြန်မာလမှာဆိုရင် ဝါဆိုလဖြစ်တဲ့အတွက်

ဝါတွင်းကာလ ဥပုသ်သီတင်းစောင့်တည်ကြတဲ့သူတွေ များပြား သလို ဝါဆိုလ ဝါဆိုပွဲဆိုတဲ့ စာဆိုအတိုင်း ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပြီး ကုသိုလ်ပြုကြတဲ့ လဆိုလည်း မမှားပါဘူး။ အလှူအတန်း တွေမှာ ကိုယ်တိုင်ကိုယ်ကျ ကုသိုလ်ပြုချက်ပြုတ်လှူဒါန်းနိုင်

အောင် ပန်းခရေရဲ့ အိုးကြီးချက် လုပ်နည်းလေးတွေကိုလည်း တင်ပြပေးထားပါတယ်။ ဒါ့အပြင် အစားအသောက်နဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတ အကြောင်းအရာများနဲ့ အခြား စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကိုလည်း တင်ပြပေးထား တာဖြစ်လို့ ပရိသတ်ကြီး ကျေနပ်နှစ်သက် လိမ့်မယ်လို့ ယုံကြည်ပါ တယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေ…။

Nway Nadi Zaw

 

Editor

Facebook Comments

Menu