Vol 7, No 11, November, 2018 Issue

          Food Magazine ပရိသတ်ကြီးအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်မှာ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အတူပျော်ရွှင်ခဲ့ပြီး အခု ဒီလတန်ဆောင်တိုင် ပွဲတော်မှာလည်း ဆက်လက်ပြီး ပျော်ပွဲရွှ့င်ပွဲတွေကို ဆင်နွဲကြဦးမှာပေါ့နော်။           တန်ဆောင်တိုင်လည်း ရောက်ပြီဆိုတော့ နေရာဒေသအသီးသီးနဲ့ လုပ်ငန်း၊ ဌာန၊ ....

Vol 7, No 10, October, 2018 Issue

Food Magazine စာဖတ်ပရိသတ်ကြီး မင်္ဂလာပါရှင့်…။           သီတင်းကျွတ်အခါသမယဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေထဲက တန်ဖိုးထားပြီး ကျင်းပနေတဲ့ ပွဲတော်တစ်ခုဖြစ်သလို ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားတဲ့ လတစ်လလည်း ဖြစ်ပါတယ်။ ရပ်ကွက်တိုင်းရှိ လမ်းတိုင်းလိုလိုမှာ မီးရောင်စုံတွေကို စုံညီအောင် ထွန်းညှိကြပြီးတော့ စတုဒိသာ လိုက်စားရင်း ကံစမ်းမဲလေးတွေ လိုက်နှိုက်ကြတာကလည်း သီတင်းကျွတ်လရဲ့ ....

Vol 7, No 9, September, 2018 Issue

စာဖတ်ပရိသတ်များအားလုံး မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေခင်ဗျာ…           ဟိုတစ်လောက Food Magazine Eating Out ကဏ္ဍအတွက် ရိုးရာဆိုင်တစ်ဆိုင်ကို ရောက်ခဲ့ပါတယ်။ ကျွန်တော်ပြောနေကျ စကားအတိုင်းဆိုရင် ကျွန်တော်တို့မှာ ပြည်ပသားတွေကို အစားအစာနဲ့ ပတ်သက်ပြီး ပြစရာြွကားဝါစရာ ဆိုင်ကောင်းကောင်း အင်မတန်မှ နည်းလှပါတယ်။           ဒီဆိုင်လေးကိုရောက်ပြီး ....

Vol 7, No 8, August, 2018 Issue

          မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ရမယ့်အချိန် ရောက်လို့လာပြန်ပါပြီ . . .           ကျန်းမာချမ်းသာကြပါရဲ့လားဗျာ… ဒီတစ်လအတွက် အယ်ဒီတာ့စကားကို ရေးရတော့မယ်ဆိုတော့ အရင်လို ကျန်းမာရေးကိစ္စ သတိပေးစာလေး ရေးမလား၊ ဒါမှမဟုတ် ရာသီအကြောင်း အဖွဲ့အနွဲ့လေးရေးမလား၊ ရှေးဟောင်း နှောင်းဖြစ်တွေများ ရေးမလားလို့ စဉ်းစားမိပါတယ်။           အခုလိုလတွေမှာ ....

Vol 7, No 7, July, 2018 Issue

မင်္ဂလာပါပရိသတ်ကြီးရေ…           မိုးအေးအေးမှာ ရေးလိုက်တဲ့ စာလေးပါ။ အိမ်အပြင်ဘက်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့အချိန်ဆို ဘာမှ ထမလုပ်ချင်လောက်အောင် အပျင်းကြောက ရှည်ပါတယ်။ ဘာမှမလုပ်ချင်ပေမယ့် စားမယ့်အချိန်ဆိုရင် တော့ မပျင်းမရိ ထချက်ရတာ စားဖိုမှူးတိုင်းရဲ့ အကျင့်ဖြစ်နေမှာပါ။ အချိန်ရှိသရွေ့  အစားအကြောင်းတွေပဲ စဉ်းစားလိုက်၊ စိတ်ကူးရှိသလို စမ်းသပ် ....

Vol 7, No 6, June, 2018 Issue

မင်္ဂလာပါ စာဖတ်သူများခင်ဗျာ…           မိုးဖြိုင်ဖြိုင်ကျတဲ့ ဇွန်လကိုဖြင့် ရောက်လာပါပြီ။ အပူရှိန်များလှတဲ့ ရန်ကုန်မြို့ကြီးလည်း သက်သာရာရခဲ့ပါပြီ။ တစ်နွေလုံး ပူပြင်းခဲ့သမျှ မိုးရွာချချိန်လေးဆို စိတ်အေးချမ်းသာ ရှိလှပါတယ်။ မိုးဦးလေးကျလာတော့ ကျွန်တော်တို့အဖွဲ့တွေကလည်း ရာသီစာလေးတွေ ဝိုင်းဝန်းပြီး ဖော်ပြပေးကြပါဦးမယ်။ ခုတစ်လော ရေပန်းအစားဆုံး ဒူးရင်းသီး၊ စိန်တစ်လုံးသရက် စတဲ့ ရာသီပေါ်သီးနှံလေးတွေကို ....

Vol 7, No 5, May, 2018 Issue

မင်္ဂလာပါ ပရိသတ်ကြီးရေ…           ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ အစားအစာနဲ့ ပတ်သက်တဲ့ စကားပုံလေးတွေကို အမှတ်ရမိပါတယ်။  အစားတစ်လုတ် ဒုတ်(တုတ်)တစ်ချက်… အစားမတော်တစ်လုတ်… ဝက်သားဟင်းနဲ့ကျွေးပြီး ဝါးရင်းဒုတ် (တုတ်)နဲ့ရိုက်… စုံနေအောင်ပါပဲ။ ဒါပေမဲ့ ထူးခြားတာက ဒီကစကားပုံတွေက အစားအစာစားသောက်တာနဲ့ ပတ်သက်ပြီး သတိပေးတဲ့ စကားတွေချည်း ဖြစ်နေတာပါပဲ။ ....

Vol 7, No 4, April, 2018 Issue

အယ်ဒီတာ့စကား           Food Magazine ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …           အတာကျူးသော တန်ခူးလအခါ ရောက်လို့လာပါပြီ။ မြေသင်းရနံ့လေးတွေ ပြန်ရပြီး… တူးပို့တေးသံတွေနဲ့ သင်္ကြန်အငွေ့အသက်လေးတွေကို အစဉ်အလာမပျက် ရင်ခုန်ရပါဦးမယ်။           မှတ်မိပါသေးတယ်။ ငယ်ငယ်ကဆိုရင် ရေပုံးလွယ်၊ ရြွေပတ်သယ်ပြီး သင်္ကြန်ရေ တိုက်ပွဲ နွှဲခဲ့တာလေးတွေ၊ ....

Vol 7, No 3, March, 2018 Issue

အယ်ဒီတာ့စကား           မင်္ဂလာပါ ပရိသတ်ကြီးရေ…           ဟိုတစ်လောက စာရေးဆရာမကြီးတစ်ဦးရဲ့ စကားလုံးလေးတစ်ခုကို နည်းနည်းလေး ဟာသဖောက်ပြီး ရေးမိပါတယ်။ မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ ယောကျာ်းတွေဟာ ချစ်စရာကောင်းကြတယ်လို့ ဆိုပါတယ်။ ဒါနဲ့ နောက် ဆက်တွဲ အာရှသားတွေဟာ မီးဖိုချောင်နဲ့ မရင်းနှီးဘူးလို့ ဆိုပြန်ပါတယ်။ ဒီစကားမှန်ခြင်း၊ မှားခြင်းဆိုတာ ....

Vol 7, No 2, February, 2018 Issue

အယ်ဒီတာ့စကား           လှပချစ်စဖွယ်ကောင်းလှတဲ့ ဖေဖော်ဝါရီလလေးပါ ပရိသတ်ကြီးရေ။ ပျော်ပွဲရွှင်ပွဲတွေ အမြဲဆက်နေတဲ့ မြန်မာပြည်ကြီးမှာနေရတာ အလွန်မှကို ပျော်စရာကောင်းလှပါတယ်။ တစ်ပွဲမှမပြီးသေး နောက်တစ်ပွဲ၊ ပွဲပြိုင်၊ နာမည် အမျိုးမျိုး၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပျော်ပွဲရွှင်ပွဲ၊ ကြည့်ချင်ပွဲများစွာဟာ ရန်ကုန်မှာ ပိုလို့မှကိုများပါတယ်။ ဒီအထဲမှာအစားအစာပွဲတော်များကလည်း လူတန်းစားမရွေး စိတ်ဝင်တစား တိုးကြိတ်စည်ကားတဲ့ပွဲအမျိုးအစား တစ်ပွဲဖြစ်ပါတယ်။ ....

Vol 7, No 1, January, 2018 Issue

အယ်ဒီတာ့စကား           မင်္ဂလာပါ ပရိသတ်ကြီးရေ …           ၂၀၁၇ ကတော့ ကုန်ဆုံးတော့မယ်နော်။ ၂၀၁၈ အတွက်ရော ဘာတွေပြင်ဆင်ပြီးပြီလဲ။           တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင်မြင်ဖို့ နေ့စဉ်မပြတ် ကြိုးစားနေကြရတဲ့ ယှဉ်ပြိုင်မှုတွေကြားမှာ အချိန်ရှားပါးလွန်တဲ့ အကြောင်းပြချက်နဲ့ ကျွန်တော်တို့တစ်တွေ တော်တော်များများက အစားအစာကို ဖြစ်သလို ကြုံရာစားတာမျိုးတွေ ....

Vol 6, No 12, December, 2017 Issue

အယ်ဒီတာ့စကား           ပီပီသသမရှိလှတဲ့ “ဆောင်း”ဆိုတဲ့စကားလုံးဟာ အပူရှိန်ကြားမှာ ဝေ၀ါးသထက်ဝေ၀ါးလာတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ငယ်ငယ်ကဆို ဒီအချိန် အမေတို့က အနွေးထည်လေးတွေ ခေါက်သိမ်းထားရာကနေထုတ်ပေးတဲ့ အခိုက်အတံ့လေးမှာ တော်မှတော်သေးရဲ့လားဆိုတဲ့ ရင်ခုန်ခံစားမှုမျိုးများ ရှိခဲ့လေမလားမပြောတတ်။ ကျွန်တော်ကတော့ ငါထွားလာပြီ။ ငါနဲ့ မတော်တော့ဘဲ အသစ်ဝယ်ပေးပါစေလို့ စိတ်ထဲ အမြဲတွေးမိပါတယ်။ တဖြည်းဖြည်း အသက်ကြီးလာတော့ ....

Vol 6, No 11, November, 2017 Issue

အယ်ဒီတာ့စကား           သီတင်းကျွတ်ပြီးပြန်တော့ တန်ဆောင်မုန်း လတန်ဆောင်တိုင်ပွဲတွေနဲ့ စည်ကားချိန်ရောက်လို့ လာပြန်ပါတယ်။ အရင်ရုံးဟောင်းနေရာက ဆိပ်ကမ်းသာလမ်းမှာရှိခဲ့တော့ ပြောစရာသိပ်များများစားစား မရှိလှပေမယ့် Food Magazine ရဲ့  ရုံးသစ်နေရာကို ပြောင်းလိုက်တဲ့နေရာက ရေကျော်လမ်းမကြီးပေါ်မှာဆိုတော့ လွန်ခဲ့တဲ့ ၃ လကစပြီး ရေကျော်ပွဲဈေးကို ကြိုတင်ပြီး ရင်ခုန်ခဲ့မိပါတယ်။ တကယ်တမ်းပွဲဈေးဖြစ်သွားတဲ့ သီတင်းကျွတ်လပြည့်ရက်က ....

Vol 6, No 10, October, 2017 Issue

အယ်ဒီတာ့စကား သစ်ထူး Food Editor Vol 6, No 10, October, 2017 Issue လထုတ် Food Magazine             Food Magazine စာဖတ်ပရိသတ်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။             ရာသီအလိုက် သင့်တင့်တဲ့ ဟင်းချက်နည်းမုန့်လုပ်နည်းများကို  အစဉ်မရိုးရအောင် ....

Vol 6, No 9, September, 2017 Issue

အယ်ဒီတာ့စကား Food Magazine စာဖတ်ပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ… ။           ဒီတစ်လအတွက် မဂ္ဂဇင်းဖောင်ပိတ်ရက်မတိုင်ခင်လေးမှာတော့ အထက်မြန်မာပြည်ရဲ့ မြိုတော် မန္တလေးမြို့ကို ရောက်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ သတိထားမိတာကတော့ မန္တလေးဟာ သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ စားသောက်ဆိုင်လုပ်ငန်းတွေဟာ အရည်အသွေးဘက်ကို ပိုအလေးထားဆောင်ရွက်လာတာ သတိထာမိပါတယ်။ အမြဲတမ်း ယဉ်ကျေးချိုသာတဲ့ ဝန်ထမ်းတွေကို ....

More Receipes ⇒