Lemon Avocado Ice Cream (လီမွန် ထောပတ်သီးရေခဲမုန့်)

kid_2

Lemon Avocado Ice Cream (လီမွန် ထောပတ်သီးရေခဲမုန့်)

ထောပတ်သီးတွေလှိုင်လှိုင်ပေါတဲ့ ရာသီဖြစ်တာကြောင့် လီမွန်ထောပတ်သီးရေခဲမုန့် လုပ်ကြည့်ကြရအောင်ပါ။ ထောပတ်သီး၊ သကြားတို့ရဲ့ ချိုဆိမ့်အရသာနဲ့အတူ အချဉ် အရသာ အနည်းငယ်ရှိနေတာကြောင့် ကလေးငယ်တွေ ရုတ်တရက် ချက်ချင်းအကြိုက်တွေ့မယ်လို့ မဆိုနိုင်ပေမဲ့ အတူတူ မြည်းကြရင်းနဲ့ အရသာတွေ့မှာပါ။ လုပ်ကြည့်ရအောင် . . . ။

 

►    ပါဝင်ပစ္စည်းများ

♦    ထောပတ်သီး   –   ၂ လုံး (အခွံခွာအသားများထုတ်ထားရန်)

♦   သကြား   –   100 g

♦   သံပရိုသီး (Lemon)   –   ၁ ခြမ်း

♦   နွားနို့   –   150 ml

♦   Whipping Cream   –   200 ml

 

►    ပြူလုပ်ပုံ

၁။        ဒယ်အိုး (Saucer Pan) တစ်ခုထဲသို့ သကြား၊ သံပရိုသီးအရည်ညှစ်တို့ထည့်ပြီး မီးအနေတော်နှင့် သကြားပျော်သွားသည်ထိ ဆူအောင်ကျိုပါ။ အအေးခံပါ။

၂။        မွှေစက် (Blender)ထဲသို့ ထောပတ်သီး၊ သကြားရည်၊ နွားနို့၊ သံပရိုသီးအရည်ညှစ်တို့ထည့်ပြီး သမသွား အောင်မွှေပါ။

၃။        Whipping Cream ကို ပွသည်ထိ (Soft Peak) နှင့်ရိုက်ပါ။ ပြီးရင် အမှတ်စဉ် ၂ အရောထဲသို့ နည်းနည်း ဖြည်းဖြည်းချင်းထည့်ပြီး သမသွားတဲ့ထိ လက်နဲ့နယ်ပါ။ ရလာသည့်အရောကို ပလက်စတစ်ခွက်ထဲထည့် အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၄ နာရီကြာ (သို့) တစ်ညထားပြီး Ice Cream Maker ထဲထည့် မိနစ် ၂ဝ လောက်မွှေ ပြီးရင် ချိုချိုဆိမ့်ဆိမ့်နဲ့ အချဉ်အရသာ နည်းနည်းစွတ်တဲ့ လီမွန်ထောပတ်သီး ရေခဲမုန့်ရပါပြီ။ ခဲခဲမာမာကြိုက်သူတွေအတွက်တော့ Freezer ထဲထည့်ပြီး မစားခင် ၁ဝ မိနစ်လောက် ကြိုပြီးထုတ်ထားရင် သုံးဆောင်နိုင်ပါပြီ။ Ice Cream Maker မသုံးဘူးဆိုရင်တော့ ရလာသည့်အရောကိုထဲ ၆ နာရီ လောက်အအေးခံ၊ နာရီဝက်တစ်ခါလောက်ထုတ်ပြီး မွှေတံနဲ့ မွှေပေးရပါမယ်။

Facebook Comments

Menu