ဝက်သားလုံးကြော်

by May’s Healthy Food

ကျောင်းဖွင့်ရာသီရောက်လာပြီမို့ ထမင်းဘူးအတွက် ခေါင်းမနောက်ရအောင် ထမင်းဘူးထဲထည့်ဖို့ အဆင်ပြေပြီး လုပ်ရတာလည်း လွယ်ကူပြီး အာဟာရပြည့်မယ့် ဝက်သားလုံးကြော်လေးကို တင်ပြပေးမယ်နော်။ ကလေးတွေရဲ့ ထမင်းဘူးမှာတော့ မပါမဖြစ်က ပရိုတင်းပါပဲ။ တစ်နေ့တာအတွက် လုံလောက်တဲ့ ပရိုတင်းကို စားပေးခြင်းဖြင့် ကလေးတွေရဲ့ ကိုယ်ခန္ဓာဖွံ့ ဖြိုးမှုကို အထောက်အကူဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ

ဝက်သား –  ၂၀ ကျပ်သား

ပြောင်းကော်မှုန့် –  ထမင်းစားဇွန်း ၂ ဇွန်း

ဆား –  အနည်းငယ်

သကြား –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ချင်းအရည် –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ကြက်သွန်ဖြူအမှုန့် –  ထမင်းစားဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ပါဝင်ပစ္စည်းများကို အကုန်ရော၍ ကြိတ်စက်ဖြင့် ချောမွတ်နေအောင် ကြိတ်ပါ။

၂။       ဆီကိုမြုပ်အောင်ထည့်၍ ဝက်သားကို အနေတော်အလုံးလေးတွေလုံးပြီး မီးအေးအေး ဖြင့် ကြော်ပါ။

မီးပြင်းလျှင် ပေါက်ထွက်ပြီး အထဲမှာ မကျက်ဘဲ ဖြစ်တတ်တာမို့ ဂရုစိုက်ပါ။

Facebook Comments

Menu