Vegetable Pasta

Vegetable Pasta

          ပါစတာချက်နည်းအများကြီးထဲက Food Magazine ပရိသတ် မေမေတို့ကို အလွယ်ကူဆုံးနဲ့ အာဟာရပြည့်တဲ့ ပါစတာလုပ်နည်းလေး ရေးပေးမယ်နော်။ Vegetables တွေပဲမို့ ပရိုတင်းပါအောင် ချိစ်လေးတွေ ထည့်သုံးပေးထားပါတယ်။ကြိုက်နှစ်သက်ရာချိစ်လေးတွေကို အပေါ်ကနေ အတုံးလေးတွေ တုံးထည့်ပေးလိုက်ရုံပါ။ ကျောင်းဖွင့်ရာသီဖြစ်တဲ့အတွက် အချိန်သိပ်မပေးရဘဲ ကလေးတို့အာဟာရပြည့်မယ့် ထမင်းဘူးလည်း ထည့်လို့ အဆင်ပြေရာလေးတွေ ရွေးချယ်ပေးထားပါတယ်။ ကြိုက်နှစ်သက်ရာ ပါစတာ ၁ ခွက်ကို ရေနွေးဆူဆူမှာ ဆား၊ သံလွင်ဆီ အနည်းငယ်စီ ထည့်ပြီး ပြုတ်ကာ ရေစစ်ထားပါ။ သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ကြက်သွန်ဖြူတစ်မြွှာ နုပ်နုပ်စဉ်းထားတာကို ဆီသတ်၊ မွှေးလာလျှင် မုန်လာဥနီ၊ ပဲသီး (အပိုင်းသေးသေးလေးများလှီး) ပြောင်းဖူးပြုတ်ခြွေပြီးသားများကို ထည့်ပါ။ ပဲသီးစိမ်း ထည့်ပါ။ (Frozen Mixed vegetables သုံးလည်း ရပါတယ်။ စူပါမားကတ်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်ရှင်။) Vegetables ကျက်ပြီဆို ပါစတာ ရေစစ်ထားတာ ထည့်ပါ။

   အရသာအတွက်

♦   ဆား

♦   ငရုတ်ကောင်းမှုန့် (အဖြူ)

♦   ပျားရည် (မထည့်လည်းရ) နည်းနည်းစီ အပေါ့အငန်လိုသလောက်ထည့်ပါ။

          အမွှေးအကြိုင်အတွက် အီတလီဟင်းခတ်အမွှေးအကြိုင်ထဲက Oregano အမှုန့်ခြောက်လေး အနည်းငယ်ထည့်မွှေပေးပါ။ ၅ မိနစ်ခန့်ဆိုလျှင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။

     စားတော့မှ အပေါ်ကနေ ချိစ်ကို အတုံးလေးများ သို့မဟုတ် ခြစ်ပြီး တင်ပေးပါနော်။ ပျော်ရွှင်စရာနေ့လေး ဖြစ်ကြပါစေရှင်။

♦   May’s Healthy Food   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments