Trivelle and Fruit Salad

Trivelle and Fruit Salad

          ဒီလရဲ့ Kitchen For Kids ကဏ္ဍမှာတော့ အီတလီအစားအစာလေးနဲ့ မိတ်ဆက်ပေးထားပါတယ်။ ပါစတာအမျိုးအနွယ်ထဲက Trivelle ခေါက်ဆွဲကို ချက်ထားတာမျိုး မဟုတ်ဘဲ သရေစာလိုမျိုး အသီးတွေနဲ့ အသုပ်လိုမျိုးလေး လုပ်ပြထားပါတယ်။ ပါစတာခေါက်ဆွဲမှာ ဂလူတန် (Gluten) ပါဝင်ပါတယ်။ တချို့ကလေးတွေမှာ ဂလူတန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတတ်ကြတာကြောင့် Gluten-free ဖြစ်တဲ့ ပါစတာခေါက်ဆွဲကို ရွေးသုံးပေးပါ။ ဒိန်ချဉ်ကို စတော်ဘယ်ရီသီးအရသာနဲ့ သုံးထားပေမယ့် မိမိကြိုက်နှစ်သက်တဲ့ ဒိန်ချဉ်ကို သုံးပေးလို့ရပါတယ်။

   ပါဝင်ပစ္စည်းများ

♦   Trivelle    –   ၁၀ဝ ဂရမ်

♦   ပန်းသီး   –  ၁ လုံး

♦   စပျစ်သီး   –   ၁၀ လုံး

♦   သရက်သီး   –   ၁ လုံး

♦   ဒိန်ချဉ်   –   ၂၀ဝ ဂရမ်

♦   ပျားရည်   –   စားပွဲဇွန်း၂ ဇွန်း

♦   သံပရာသီး   –   ၁ လုံး

♦   ပူဒီနာ   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      Trivelle ကို ၁၀ မိနစ်ခန့် ပြုတ်ပေးပါ။ ကျက်လျှင် ဆယ်ယူထားပါ။ ပန်းသီးကို ရေဆေးပြီး အတုံးသေးသေးလေးတွေ တုံးထားပါ။ စပျစ်သီးကို ရေဆေးပြီး နည်းနည်းကြီးရင် ထက်ခြမ်းလေးတွေ ခြမ်းထားပါ။ သရက်သီးကို အခွံသင်ပြီး အတုံးသေးသေးလေးတွေ တုံးပေးထားပါ။ ပူဒီနာကို နုပ်နုပ်စဉ်းထားပါ။

၂။      ဇလုံတစ်လုံးထဲမှာ သံပရာရည်ညှစ်ပြီး ပါဝင်ပစ္စည်းအားလုံးနဲ့ သမအောင် ရောမွှေပေးပါ။ Trivelle နဲ့ Fruit Salad ကို သုံးဆောင်နိုင်ပါပြီ။

♦   ဆုမြတ်ဦး   ♦

Facebook Comments