Rilakkuma Day

Rilakkuma Day

          ဒီပုံစံလေးက အချိန်သေချာမရတဲ့အခါမျိုးမှာ အိမ်မှာရှိပြီးသား Rice Mold လေးတွေနဲ့ပဲ အလွယ်တကူ ပြင်ပေးလို့ရမယ့် ပုံလေးလုပ်ပေးထားပါတယ်။ အသားလုံးကြော်လေးက Food Magazine August 2007 Issue ထဲက ပုစွန်ချဉ်ကြွပ်ကြော်လေးကို ပြန်လုပ်ပေးထားတာပါ။ စာအုပ်ထွက်တော့ စမ်းကြော်ကြည့်တာ ကလေးတွေ အရမ်းကြိုက်ကြလို့ မရိသတ်ကြီး မလုပ်ကြည့်ရသေးရင် လုပ်လို့ရအောင် ပြန်ပြီးမျှဝေ ပေးလိုက်ပါတယ်။

   ပါဝင်ပစ္စည်းများ

♦   ချက်ပြီးသားထမင်း

♦   ထမင်းနယ်ရန် ပဲငံပြာရည်အပျစ်   –   အနည်းငယ်

♦   Food Magazine August 2007 Issued မှ ပုစွန်ချဉ်ကြွပ်ကြော်

♦   Lunchbox Fillers taeeJY Broccoli, Cherry Tomato, နာနတ်သီး၊ မုန်လာဥနီ၊ ဆလတ်ရွက် – အနည်းငယ်စီ

♦   Rice Mold မှ အလှဆင်ရန် လိုအပ်သည့် ရေညှိနှင့် Cheese

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      အရင်ဦးဆုံး ထမင်းအပူကို ပဲငံပြာရည်အပျစ်နဲ့ နယ်ပါ။ ကိုယ်လိုချင်တဲ့ အရောင်ရအောင် တစ်ခါထည့်လျှင် အနည်းငယ်စီပဲ ထည့်နယ်ရပါမယ်။

၂။      ထမင်းဘေးမှ ဆလတ်ရွက်လေးခံပြီး ပုစွန်လုံးကြော်လေးတွေကို ယူစားရလွယ်အောင် သီတံလေးမှာ သီပြီးထည့်ပါ။

၃။      ကျန်သော အသီးအနှံနဲ့ Fillers လေးတွေကို ထမင်းဘေးပတ်လည်မှာ စီပေးပါ။

၎။      နောက်ဆုံးမှာ Rice Mold မှာ ပါတဲ့ Cutter လေးတွေနဲ့ပဲ ရေညှိ၊ Cheese တို့ကို ဖြတ်ပြီး ပုံဖော်ပါ။

          (အရုပ်ပုံအတိအကျမဟုတ်လည်း ထမင်းကိုနယ်ပြီး ထည့်ပေးလည်း ရပါတယ်။)

♦ Khin Sabel Phyu ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments