Mango Cream Cheese Dessert

Mango Cream Cheese Dessert

          ဒီလကလေးတို့အတွက် နွေရာသီနဲ့လိုက်ဖက်တဲ့ သရေစာအဖြစ် ကလေးအများစုကြိုက်နှစ်သက်မယ့် Cream Cheese ကိုအခြေခံပြီး Cheese အရသာကို အအီပြေစေမဲ့ သရက်သီးလေးနဲ့ တွဲဖက်ပေးထားပါတယ်။ လုပ်ရတာလည်းလွယ် အာဟာရလည်းရှိတဲ့ အေးအေးချိုချို ဆိမ်ဆိမ့်လေးမို့ မျှဝေပေးလိုက်ပါတယ်နော်။ သရက်သီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တာမို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ Olic Acid နဲ့ အမြင်အာရုံကောင်းစေတဲ့ ဗီတာမင်အေလည်း ပါဝင်ပါတယ်။ ပျော်ရွှင် စရာကောင်းတဲ့ နွေကျောင်းပိတ်ရက်မှာ မိခင်နဲ့သားသားမီးမီးတွေ အတူတူလုပ်ကြည့်ကြရအောင်လား။

   ၅ ခွက်စာအတွက်ပါ

   Cream Cheese အလွှာအတွက်

♦   Cream Cheese    –   150 g

♦   Icing Sugar   –    30 g

♦   Vanilla Extract    –   ½ tps

♦   Lemon Juice   –   14 tsp

♦   Lightly Whipped Double Cream    –   150 ml

          Whipped Cream ကို Icing Sugar, Vanilla Extract ထည့်ပြီး စက်ဖြင့်မွှေပါ။ Cream အနေအထားရပြီဆို Cheese, Lemon Juice ထည့်ပြီးသမအောင် စက်ဖြင့်ထပ်မွှေပေးပါ။

          အောက်အလွှာအတွက် Cream Cheese အရောကို ဖန်ခွက်လေးထဲထည့်ပြီး ရေခဲ သေတ္တာအခဲခန်းထဲ တစ်ညသိပ်ပါ။

   Pure Mango အလွှာအတွက်

          သရက်သီးအကြီးနှစ်လုံးကို အခွံခွာ အတုံးလေးတွေတုံးပြီး ကြိတ်စက်ဖြင့် ကြိတ်ပြီး ဆန်ခါဖြင့် အနှစ်တိုက်ပါ။ ရလာတဲ့အနှစ်ကို ခဲခန်းထဲထည့်ထားတဲ့ Cream Cheese ကို ထုတ်ပြီး အပေါ်အလွှာအဖြစ် ညီအောင်ဖြန့်ထည့်ပါ။ သရက်သီးကို အတုံးသေးသေးလေးတွေတုံး အပေါ်မှာတင်ပြီး ကြိုက်နှစ်သက်သလို အလှဆင်ပါ။ ရေခဲသေတ္တာအခဲခန်းထဲ နှစ်နာရီလောက်ပြန်ထည့်ပါ။

          စားခါနီး တစ်နာရီအလိုမှာ အခဲခန်းကနေ ရိုးရိုးအအေးခန်းထဲပြောင်းထည့်ပြီး သုံးဆောင်နိုင်ပါတယ်ရှင်။

♦   May Thu   ♦

Facebook Comments