Gold Fish Day

by Khin Sabel Phyu for Food Magazine

          ထမင်းဘူးလေးတွေပြင်ပေးရင် မနက်ထည့်ပေးချင်တဲ့ ဟင်းနဲ့ ပစ္စည်းလေးတွေကို ညကတည်းက ကြိုပြီးပြင်ထားပေးလေ့ ရှိပါတယ်။ ဘယ်လိုဟင်းမျိုးထည့်မယ်၊ ဘေးကို ဘာလေးတွေ အပိုထည့်ပေးမယ်ဆိုတာမျိုးလေးတွေပါ။ ဒါဆို မနက်ရောက်ရင် အလောတကြီး ဖြစ်စရာမလိုတော့ဘူးပေါ့နော်။ ဒီတစ်ခါ ပြင်ပြပေးထားတာက ကြက်ဥ၊ ဘဲဥ မစားတတ်တဲ့ ကလေးတွေအတွက် ပုံစံလေးပြောင်းပြီး လုပ်ထားပေးပါတယ်။ ထမင်းကို ဥနှင့်နယ်ထားပေးလို့ တွဲဖက်ပေးထားတဲ့ ဟင်းလေးက အအီပြေစေအောင် ပုစွန်ကို Sauce နှင့် အချဉ်လေးချက်ပေးထားတာပါ။ ထမင်းဘူးလေးတွေပြင်ပေးရင် အကုန်ချက်မနေဘဲ တချို့ဟာတွေကို အချိန်ကုန် သက်သာအောင် Microwave သုံးပါတယ်။

ပါဝင်ပစ္စည်း

ချက်ပြီးသား ထမင်း

ထမင်းနယ်ရန် ဘဲဥအနှစ် ၁ လုံး

Ketchup Shrimp

Steamed Broccoli, Corn

ဆလတ်ရွက်

နှမ်းဆီ

ဆား

ပြင်ဆင်ပုံအဆင့်ဆင့်

၁။       ဦးစွာ ထမင်းဆုပ်အောက်က ခံရန် ဆလတ်ရွက်လေး ခင်းပေးပါ။

၂။       Ketchup Shrimp ကို ထမင်းနှင့် ရောမသွားစေရန် Cup လေးနှင့် ထည့်ပေးပါ။

၃။       ထမင်းပူပူလေးကို နှစ်ပုံခွဲပြီး တစ်ပုံကို နှမ်းဆီ၊ ဆားလေးနှင့် နယ်ပေးပါ။ ကျန်တစ်ပုံကို ဆားအနည်းငယ်၊  ဥအနှစ်လေးနှင့် နယ်ပေးပါ။ (ထမင်းများ ကြေမသွားအောင် သတိထားနယ်ပေးပါ။)

၎။       ပြီးလျှင် ပြောင်းဖူးနှင့် ပန်းပွင့်စိမ်းလေးများ ဖြည့်ပေးပါ။ (ပြောင်းဖူးနှင့် ပန်းပွင့်စိမ်းကို Microwave နှင့် ပေါင်းပါတယ်။) ထမင်းဆုပ်လေးကို ငါးလေးနှင့်တူအောင် မျက်လုံးလေး၊ ပါးဟက်လေးတွေကို ရေညှိနှင့် ပုံတူဖြတ်ပြီး ကပ်ပေးပါ။

Facebook Comments