Egg Muffins

by May’s Healthy Food for Food Magazine

          ချစ်ရတဲ့ Food Magazine ပရိသတ်များအားလုံး မင်္ဂလာပါနော်။ ဒီတစ်လတော့ ကလေးတွေ ကြိုက်နှစ်သက်ပြီး တစ်မျိုးတည်းနဲ့ အာဟာရပြည့်တဲ့ မနက်စာလေးကို ရေးပေးချင်ပါတယ်။ ကြက်ဥ မကြိုက်တဲ့ ကလေးတွေအတွက်လည်း အသစ်အဆန်း ဖြစ်စေမှာပါ။ အအီစာချိစ်ကို အသုံးပြုပြီး အအီပြေစေမယ့် ခရမ်းချဉ်သီးလေးကို အသုံးပြုထားသလို သံဓာတ်ပါဝင်တဲ့ ဈေးမှာ အလွယ်တကူ ရှာလို့ရမယ့် ဟင်းနုနယ်ရွက်ကို  အသုံးပြုပေးထားတာဖြစ်လို့ ပါဝင်တဲ့အမည်တွေက အလွယ်တကူ ဝယ်လို့ရနိုင်ပါတယ်။ ကျောင်းသွားမယ့် ကလေးငယ်တွေအတွက် လွယ်ကူမြန်ဆန်တဲ့ မနက်စာလေးဖြစ်တာမို့ မေမေတို့အတွက် အချိန်ကုန် သက်သာစေပါတယ်။

Egg Muffins ငါးခုစာအတွက်

လိုအပ်တာတွေက-

ကြက်ဥ  –  ၄ လုံး

နွားနို့  –  ထမင်းစားဇွန်း ၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Cheddar Cheese အမျှင်  –  သုံးပုံတစ်ပုံ

(ဟင်းချိုပန်းကန်လုံး)

ခရမ်းချဉ်သီး  –  သုံးပုံတစ်ပုံ

(ဟင်းချိုပန်းကန်လုံး) (အတုံးသေးလှီးပြီးသား)

ဟင်းနုနယ်ရွက်  –  သုံးပုံတစ်ပုံ

(ဟင်းချိုပန်းကန်လုံး) (ရေနွေးဖျော နုပ်နုပ်စဉ်း)

ပြုလုပ်နည်း

၁။       185˚F ကို ကြိုတင်အပူပေးပြီး ကြက်ဥနှင့် နို့ကို ခလောက်ကာ ပါဝင်ပစ္စည်း အကုန်ရော နှံ့အောင် မွှေပါ။

၂။       Muffins ဖုတ်မယ့်ခွက်ကို ဆီသုတ်ပြီး ကြက်ဥရည်အရောကို ဖြည့်ပါ။ မိနစ် ၂၀ ခန့် ဖုတ်ပေးပါ။

* Oven အမျိုးအစားပေါ် မူတည်ပြီး ကြာချိန်မတူတတ်ပါ။

Facebook Comments