Cookies

kid

Cookies

ခုလ ကလေးငယ်နဲ့ မီးဖိုချောင်ကဏ္ဍမှာတော့ Cookies လေးတွေ လုပ်ပြထားပါတယ်။ Cookies ကတော့ ကလေးတွေအကြိုက်ဆုံး မုန့်တွေထဲက တစ်ခုပါပဲ။ ခုလမှာတော့ Cookies ကို ကလေးအကြိုက် Mickey Mouse, Mini Mouse, Doraemon ကာတွန်းဇာတ်ကောင်လေးများအပြင် လိပ်ပြာ၊ အသည်းပုံလေးတွေနဲ့ လုပ်ပေးထားတာမို့လို့ ကလေးတွေ လိုက်လုပ်ရင်လည်း ပျော်ဖို့ကောင်းမှာပါ။

ပြုလုပ်ချိန် ၄ဝ မိနစ်

►   ပါဝင်ပစ္စည်းများ

♦   ထောပတ်   –   ၁ဝဝ ဂရမ်

♦   သကြားအမှုန့်   –   ၅ဝ ဂရမ်

♦ ဂျုံ   –   ၁၅ဝ ဂရမ်

♦   ဗနီလာအနံ့   –   အနည်းငယ်

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။        ထောပတ်၊ သကြားအမှုန့်၊ ဗနီလာအနံ့ကို ရောမွှေပါ။ ထောပတ် အဖြူရောင်သန်းလာလျှင် ဂျုံထည့်မွှေပါ။ (အကြာကြီးမမွှေရ)

၂။        Cookies သားကို မုန့်ဖုတ်စက္ကူပေါ် Rolling Pin နှင့် လိမ့်ပြားပြီး (ဝ.၁ လက်မ အထူ) ရေခဲသေတ္တာထဲ မုန့်သား အနည်းငယ်တောင့်လာသည်အထိ ထည့်ပေးပါ။ မုန့်သား တောင့်လာလျှင် ထုတ်၍ အရုပ် Cutter လေးများနှင့်ဖြတ်၊ မုန့်ဖုတ်ဗန်းထဲထည့်ပြီး အပေါ် မီး 160ံC အောက်မီး 150ံC နှင့် ၁၇ မိနစ်ခန့် ဖုတ်ပါ။ မီးဖိုထဲထုတ်၍ အအေးခံပါ။ အဆင်သင့်စားသုံး၍ ရပါပြီ။

Facebook Comments