Color Rice Roll

By Khin Sabel Phyu (Healthy Kids Happy Life) for Food Magazine

          ဒါကတော့ ထမင်းလိပ်လေးကို အရောင်လေးနဲ့ လိပ်ပေးထားတာပါ။ ကျောင်းထမင်းဘူးအတွက်ဆိုရင် ကရိကထများမယ်လို့ ထင်ရပေမယ့် အိမ်မှာ လုပ်ကျွေးမယ်ဆိုရင်တော့ ပိုအဆင်ပြေမှာပါ။

ပါဝင်ပစ္စည်းများ

ချက်ထားပြီးသား ထမင်း

(ထမင်းလိပ်အတွက် ရှမ်းဆန်လိုဟာမျိုးသုံးရင် ပိုလှပေမယ့် ရင်ပြည့်မှာစိုးလို့ ရိုးရိုးဆန်ကို သုံးပေးလို့ရပါတယ်)

ကဏန်းအသားချောင်း

ကညွတ်

ရေညှိ

နှမ်းဆီ

ဆား  –  အနည်းငယ်

Plastic wrapping film

  

အရောင်အတွက်

၁။  ပန်းရောင်အတွက် နဂါးမောက်သီး

    (Beetroot ကို သုံးလို့လည်း ရပါတယ်)

၂။  အဝါအတွက် ပြုတ်ထားပြီးသား ဘဲဥအနှစ်

၃။  အညိုအတွက် ပဲငံပြာရည်အပျစ်

၎။  အစိမ်းအတွက် ပြုတ်ထားသော ပန်းပွင့်စိမ်း

    ( အပွင့်ရဲ့ အဖူးဖျားအဖတ်လေးတွေကိုသာ လှီးပြီးယူပါမယ်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထမင်းအဖြူကို နှမ်းဆီ၊ ဆားအနည်းငယ်နှင့် ပထမဆုံးနယ်ပေးပါ။ ပြီးမှ သုံးမယ့် အရောင်အရေအတွက်အတိုင်း အညီအမျှခွဲပြီး အရောင်နှင့် ရောနယ်ပေးပါ။

၂။       ပြီးလျှင် ဆူရှီလိပ်မယ့် ဖျာလေးပေါ် Plastic Film ကို ပထမဆုံးခင်းပေးပါ။ အရောင်ဆိုးထားတဲ့ ထမင်းလေးတွေကို ကိုယ်လိုသလို အကွက်ဖော်ပေးပါ။  အပေါ်မှ ရေညှိ ရွက်အုပ်ပါ။ ပြီးလျှင် ကျက်အောင်ချက်ပြီးသား ကဏန်းချောင်းနှင့် ကညွတ်ကို တင်ပေးပါ။

၃။       ဆူရှီလိပ်သလို ဖျာလေးအသာဆွဲထုတ်သွားပြီး လိပ်သွားပေးပါ။ ကျစ်နေအောင် အသေအချာလိပ်ပေးပါ။

၎။       လှီးတဲ့အခါ Plastic ကို  မဖယ်ဘဲ လှီးပေးပါ။ ပြီးမှ အသာလေးခွာပေးပါ။

Tip :  အရောင်ကို အခု ဒီမှာတော့ တစ်ကွက်တည်း ထည့်ထားပေမယ့် လိုသလိုထပ်ပြီး ဖြည့်လို့လည်း ရပါတယ်။

Khin Sabel Phyu (Healthy Kids Happy Life)

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments