Banana Pan Cake

Banana Pan Cake

          ဒီလမှာတော့ Kitchen For Kids ကဏ္ဍအတွက် ငှက်ပျောသီးပန်ကိတ်လေး လုပ်ပြထားပါတယ်။ မနက်ခင်းစာအတွက်ပဲဖြစ်ဖြစ် နွားနို့နဲ့ ကျွေးနိုင်သလို နေ့လယ်ခင်း သရေစာအတွက် သစ်သီးဖျော်ရည်တစ်ခုခုနဲ့ ကျွေးနိုင်တဲ့ မုန့်လေးတစ်ခုလည်း ဖြစ်ပါတယ်။ ငှက်ပျော်သီးကအစာကြေစေတယ်။ စမ်းသပ်ချက်တွေအရ ငှက်ပျော်သီး တစ်နေ့တစ်လုံးစားတဲ့ ကလေးတွေက ၃၄ ရာခိုင်နှုန်းလောက် ပန်းနာရင်ကျပ် မဖြစ်စေပါဘူး။ ကလေးငယ်တွေကို ငှက်ပျောသီးအချိုရည်တိုက်ပေးတာကြောင့် ကလေးငယ်တွေသွေးဖြူဆဲလ်ကင်ဆာ ဖြစ်ပွားမှုတွေကနေ ကာကွယ်နိုင်ပါတယ်။ အရိုးတွေကိုသန်မာစေပါတယ်။ အမြင်အာရုံကို အားကောင်းစေပြီးတော့ ဦးနှောက် မှတ်ဥာဏ်ကို အားကောင်းစေပါတယ်။

   ပါဝင်ပစ္စည်းများ

♦   ငှက်ပျောသီး   –   ၄ လုံး

♦   ပျားရည်   –   ၂ ဇွန်း

♦   ကြက်ဥ   –   ၁ လုံး

♦   ဂျုံ   –   ၁၀ဝ ဂရမ်

♦   ဗနီလာအနံ့   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဂျုံမှလွဲပြီး အားလုံးကို သစ်သီးကြိတ်စက်နဲ့ ကြိတ်ပေးပါ။ ပြီးမှ ငှက်ပျောသီးအနှစ်တွေကို ဇလုံတစ်လုံးထဲပြောင်းပြီး  ဂျုံထည့်၍ သမအောင် မွှေပေးပါ။

၂။      ဒယ်အိုးထဲမှာဆီထည့်ပြီး အပူပေးပါ။ မကပ်တဲ့အိုးသုံးတာဆိုရင်တော့ ဆီနည်းနည်းပဲ ထည့်ပေးရင် ရပါတယ်။

၃။      မုန့်နှစ်ကို ဇွန်းကြီးနဲ့တစ်ဇွန်းစာကော်ပြီး ကြော်ပေးပါ။ အားလုံးရပြီဆိုရင်တော့ ပျားရည်ဆမ်းပြီး နွားနို့၊ သစ်သီးဖျော်ရည်တို့နဲ့ သုံးဆောင်နိုင်ပါပြီ။

♦   ဆုမြတ်ဦး   ♦

Facebook Comments