Banana Oatmeal

by May’s Healthy Food for Food Magazine

(6 month+)

          Oatmeal ကို ၆ လကနေ စပြီးကျွေးလို့ရပြီဆိုပေမယ့် ဆန်ပြုတ် ကျဲကျဲလေး စားလို့ ကလေးအဆင်ပြေပြီဆိုမှ Oatmeal ကို ကျဲကျဲလေး စမ်းကျွေးရပါမယ်။ Oatmeal ကို မနက်စာအဖြစ် ကျွေးတဲ့အခါ ပထမ ၆ လနဲ့ ၇ လမှာ ကြိတ်ပြီး ကျိုကျွေးရပါမယ်။ ၈ လမှာတော့  မကြိတ်လည်း ရပါတယ်။ (ကလေးရဲ့ အခြေအနေအလိုက် ကြိတ်ကျွေးရင်လည်း ကျွေးဖို့ လိုမယ်ဆိုလျှင် ကြိတ်ပါ။) Oatmeal ကို စကျွေးပြီး ကလေးတွေကို မိတ်ဆက်တဲ့အခါ  တည့်မတည့် သိရအောင် ဘာမှမရောဘဲ  ကျွေးစေချင်ပါတယ်။ ၄ ရက်လောက် အရင်စမ်းကျွေးကြည့်ပါ။ နောက်မှ ဖော်မြူလာနို့ သစ်သီး (ကြက်ဥအနှစ် ချိစ် ၈ လမှ စထည့်ပါ) စသည်တို့ကို ထပ်တိုးပြီး ထည့်ကျွေးသွားပါလို့ အကြံပြုချင်ပါတယ်။

ပြုလုပ်နည်း

၁။       Oatmeal ကို မှုန့်နေအောင် အမှုန့်ကြိတ်စက်ဖြင့် ကြိတ်ပါ။ (ထမင်းစားဇွန်း ၁ ဇွန်း)

၂။       ဒယ်အိုးထဲ ရေနွေးထည့်ပြီး ၃ မိနစ်ခန့် ခပ်ကျဲကျဲ ကျိုချက်ပါ။ (ပထမ ၄ ရက်မှာ  ကျွေးရန်)

၃။       ဖော်မြူလာနို့မှုန့်/အမေနို့/ရေ/ကြက်စွပ်ပြုတ် ကြိုက်ရာကို သုံးပါ။ (ဒါကတော့ Oat က ကလေးနဲ့တည့်ပြီဆိုမှ ဒုတိယအဆင့် ၄ ရက်မှာ ကျွေးပါ။)

၎။       အခုလုပ်ပြထားတဲ့ Oatmeal ထဲကိုတော့ ငှက်ပျောသီးတစ်ဝက်ကို ခက်ရင်းဖြင့်

ခြေပြီး ထည့်ထားပါတယ်။ သစ်ကြံပိုးမှုန့် အနည်းငယ်ထည့်ပါတယ်။ (ဒါကတော့ တတိယအဆင့်မှာ ကျွေးရမှာပါ။)

*        ကလေးရဲ့ အသက်အရွယ် လအလိုက် ကျွေးသင့်တဲ့ အသီးတွေကိုသာ ထည့်ကျွေးဖို့ လိုပါတယ်။ ကလေးကို မကျွေးခင် အအေးခံထားပါ။

Facebook Comments