
3 - April - 2018
by အာဂ for Food Magazine
အချက်အပြုတ်ကို ဘယ်အရွယ်ကတည်းက စပြီးတော့ ဝါသနာပါခဲ့ပါသလဲ။
အချက်အပြုတ်ကတော့ မိန်းကလေးပီပီ ငယ်စဉ် သိတတ်တဲ့ အရွယ်ကတည်းက အိုးပုတ်တွေနဲ့ စပြီး ကစားကတည်းက ဝါသနာပါခဲ့တာပါ။
အခု ယိုးဒယား ကြက်သားအနီရောင်ချက်လေး ပရိသတ်ကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦး။
Alice က အစကတည်းက ယိုးဒယားစာတွေကို ကြိုက်ခဲ့တယ်။ အခုဟင်းလေးက နည်းနည်းစပ်စပ်လေး အရသာနဲ့။ အုန်းနို့အရသာလေးလည်းပါတော့ ချက်ကြည့်မယ်ဆိုပြီး ချက်ပြဖြစ်တာပါ။ အခုဟင်းကျတော့ အရမ်းရှုပ်ရှုပ်ထွေးထွေးလည်း မဟုတ်ဘဲ ချက်ရတာလည်း လွယ်တယ်ဆိုတော့ စမ်းပြီး ချက်ရင်းနဲ့ ချက်ပြဖြစ်သွားတာပါ။
ဘဝမှာ ပထမဆုံးစချက်ဖြစ်တဲ့ ဟင်းပွဲလေးကို မှတ်မိ သေးရင် ပြောပြပေးပါဦး။ အရသာကရော ဘယ်လိုရှိ သလဲ။
ပထမဆုံးလုပ်ဖြစ်တဲ့ ဟင်းပွဲလေးဆိုရင် Alice က အသီးအရွက်ကြိုက်တော့ အသီးအရွက်ကြော်တာမျိုး ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက အမှတ်တရလေးက ငန်သွားတာ။ ဘာဖြစ်လို့လည်းဆိုတော့ အရွက်တွေက မကျက်ခင် အကြီးကြီးလေဆိုတော့ အရမ်းများတာပဲ အိုးတစ်အိုးတောင် ပြည့်သွားတယ်ဆိုပြီးတော့ အဲဒီလောက်ကို လိုက်ပြီး ဆား ထည့်မိတာ။ ကြော်လိုက်လို့ အကုန်ကျုံ့သွားတော့ အရမ်းငန်သွားရော။
ညီမချက်တဲ့ ဟင်းတွေထဲမှာ လူကြိုက်အများဆုံး ဟင်းပွဲကရော ဘာဟင်းပွဲဖြစ်မလဲ။
Curry နဲ့ Hop Pot တွေကိုတော့ အိမ်ကမိသားစုကလည်း ကြိုက်ကြပါတယ်။
ညီမချက်တဲ့ ဟင်းကိုစားပြီး ပထမဆုံးချီးမွမ်းခံရတုန်းက ခံစားချက်ကရော။ အချက်အပြုတ်ကို ဘယ်သူတွေဆီက သင်ယူဖူးလဲ။
အဲဒီ ညီမချက်ကျွေးတဲ့ဟင်းကို သူငယ်ချင်းတွေရော၊ မိသားစုကပါ အရသာကို မဆိုးဘူး။ ကောင်းတယ်။ ကြိုက်ကျတော့ ချီးမွမ်းတယ်ဆိုတော့ ပျော်တာပေါ့။ ကိုယ်လည်း ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့အရာကို သူများကလည်း ကြိုက်တယ်ဆိုတော့ ဝမ်းသာတယ်။
Alcie အနေနဲ့ အချက်အပြုတ်ကို ဘယ်သူတွေဆီက အဓိက သင်ယူဖြစ်လဲ။
အဓိကကတော့ အိမ်က ထမင်းဟင်းချက်ပြုတ်ပေးတဲ့ မမနဲ့ မေမေတို့ဆီကနေ အဓိက သင်ယူဖြစ်ပါတယ်။ သူတို့ချက်တာတွေ ကြည့်တယ်။ ပြီးတော့ မသိတာ၊ မတတ်တာတွေ ဆိုရင်လည်း မေးဖြစ်တယ်။ နောက်ပြီးတော့ အင်တာနက်တို့၊ အချက်အပြုတ် စာအုပ်တွေ ကနေလည်း လေ့လာသင်ယူမိတယ်။
ငယ်ငယ်တုန်းကကြိုက်ပြီး အသက်ကြီးမှ မကြိုက်တာနဲ့ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှ ကြိုက်တာဆိုရင်ရော။
အဲဒီလိုမျိုးဆိုရင် ငယ်ငယ်က အသားကြိုက်တယ်။ အခုအသက်ကြီးလာတော့ မကြိုက်တော့ဘူး။ လျှော့စားဖြစ်တာပေါ့။ ငယ်ငယ်က မကြိုက်ဘဲ အသက်ကြီးမှဆိုရင်တော့ ခရမ်းချဉ်သီးပါ။
အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရ အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။ ဥပမာ- တချို့ သကြားလုံးမျိုမိတာတို့၊ ကျောင်းမှာ မုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာတို့ပေါ့။
အစားအသောက်နဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ်အပျက်ဆိုရင် စောစောကပြောတဲ့ ခရမ်းချဉ်သီးပါ။ အိမ်ကလူတွေက Alice ကို ဘာလို့ မကျွေးလည်းတော့မသိဘူး။ မစားရဘူးဆိုပြီး မီးဖိုချောင်အပေါ်မှာ သံမှိုလေးရိုက်ပြီးတော့ ခရမ်းချဉ်သီးခြင်းကို အပေါ်မှာ ချိတ်ထားတယ်။ တောင်ကြီးအိမ်မှာပေါ့။ ဒါပေမဲ့ အရမ်းစားချင်တော့ ခုံတွေခုပြီးတော့ တက်ယူပြီး အလုံးလိုက် ကိုက်စားတယ်။ ပြီးတော့ အဲဒါကို ယူဖို့အတွက်လည်း ပြုတ်လည်း ပြုတ်ကျသေးတယ်။ အခုမှသတိရတယ်။ အိမ်ကိုမေးရဦးမယ်။ ဘာလို့ ခရမ်းချဉ်သီး မကျွေးတာလဲလို့လေ။ နောက်တစ်ခုက ငါးရိုးစူးဖူးတယ်။ အဲဒီ ခံစားချက် ကလည်း သေမတတ် ခံစားရတယ်။ တရုတ်နှစ်သစ်ကူးမှာ အိမ်မှာ Hop Pot လုပ်စားတော့ ငါးသားက အရမ်းထူတော့ Alice က ဒီအတိုင်းပဲ ပါးစပ်ထဲ ထည့်လိုက်လို့ အရိုးစူးသွားတာ။ အရမ်းနေရခက်တယ်။ ထမင်းကို ဝါးပြီးမျိုတော့ လည်း မသက်သာဘူး။
မနက်စာကို ဘယ်အချိန်လောက် စားဖြစ်လဲ။ ဘာဟင်းတွေနဲ့ စားဖြစ်တာများလဲ။ နေ့လယ်စာကိုရော။ ညစာရော။
မနက်စာကတော့ Alice အိပ်ရာက နိုးချိန်မှာ စားဖြစ်ပါတယ်။ အိပ်ရာနိုးတဲ့ အချိန်က ပုံမှန်မရှိပါဘူး။ ဒါပေမဲ့ Alice က တစ်နေ့ကို သုံးနပ်တော့ ထမင်းပါအောင် စားဖြစ်ပါတယ်။ ထမင်းစားရမှ ဗိုက်ဝတယ်လို့လည်း ခံစားရပါတယ်။ နေ့လယ်စာကတော့ မနက်စာ စားပြီးချိန်နဲ့ ၄ နာရီလောက် ခွာစားဖြစ်တယ်။ ညစာကျတော့ တတ်နိုင်ရင် ရှောင်ဖြစ်တာ များတယ်။ ဥပမာ- နေ့လယ်စာစားတာ နောက်ကျပြီဆိုရင် ညစာမစားတော့ဘူး။ ဒါမှမဟုတ် ထမင်းမစားဘဲနဲ့ အသီးအရွက်တွေနဲ့ ဟင်းတွေ စားဖြစ်ပါတယ်။
ညစာကိုရော အိမ်မှာမိသားစုနဲ့ စားဖြစ်လား။ ဒါမှမဟုတ် အပြင်မှာ စားဖြစ်လား။ညစာစားပြီးရင်ရော အချိုတည်းလား။
ဒါကတော့ အလုပ်အခြေအနေအရပါ။ ဒါပေမဲ့ များသောအားဖြင့် Alice က အိမ်မှာ စားဖြစ်တာ များပါတယ်။ ညစာစားပြီးရင်တော့ အချိုမတည်းဖြစ်ဘူး။ ဝမှာစိုးလို့ပါ။
စားဖူးသမျှ အစားအစာတွေထဲမှာ တစ်သက်မမေ့လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။
တစ်သက်မမေ့လောက်တာမျိုးဆိုတော့ ကောင်းလွန်းလို့ မမေ့တာမျိုးမဟုတ်ဘဲ အရမ်းစပ်လွန်းလို့ မမေ့တဲ့အစားအသောက်တော့ရှိတယ်။ အဲဒါက ညီမ တရုတ်ပြည်သွားတုန်းက စီချွမ်ဟော့ပေါ့စားခဲ့တုန်းကပါ။ သူက အရည်သောက်လို့မရဘူး။ တစ်အိုးလုံးက ဆီတွေ၊ ငရုတ်သီးတွေနဲ့ အရမ်းစပ်တာ။ အဲဒါ ကတော့ အရမ်းစပ်လို့ တစ်သက်မမေ့ဘူး။ နောက် ကြိုက်လို့မမေ့နိုင်တာက အဖေချက်တဲ့ ငါးခေါင်းဟင်းရည်ကြိုက်တယ်။ ဒါပေမဲ့ အဖေနဲ့ အမေကွဲသွားတော့ မစားရတော့ဘူး။ အဲဒါလေးတော့ ပြန်စားချင်တယ်။
ထူးထူးဆန်းဆန်းအစားအသောက်တွေရော ညီမစားဖူးလား။
ထူးထူးဆန်းဆန်းအစားအသောက်ဆိုရင်တော့ ညီမက အဲဒီလိုထူးဆန်းတဲ့ဟာ တော်တော်များများ စားဖူးပါတယ်။ ခွေးသားလည်း စားဖူးတယ်။ သင်ပေါင်း ပိုး၊ ဝါးပိုး၊ ပျားအကောင်သေးသေးလေးတွေ ကြော်တာလည်း စားဖူးတယ်။ လိပ်သား စားဖူးလား မသိဘူး။ သိပ်တော့ မမှတ်မိတော့ဘူး။ တော်တော်များများ ထူးထူးဆန်းဆန်းတွေ စားဖူးတယ်။ ဒါပေမဲ့ တော်တော်များများကတော့ လိမ်ပြီး ကျွေးလို့ စားဖြစ်တာပါ။ စားပြီးမှ ဘာအသားဆိုတာပြောလို့ သိရတာပါ။
အားလပ်ရက်တွေမှာ တစ်ခုခုလုပ်စားလေ့ရှိလား။
အားလပ်ရက်တွေမှာဆိုရင် လုပ်စားလေ့ရှိပါတယ်။ မနေ့ကဆိုရင် မုန့်ဟင်းခါးတို့ ဘာတို့ ချက်စားတယ်။
ရှုတင်သွားတဲ့အခါမှာ ထမင်းချိုင့်တွေ ယူသွားလေ့ရှိလား။
ရှုတင်သွားရင်တော့ ထမင်းချိုင့်ယူလေ့မရှိပါဘူး။ အရင်တုန်းကတော့ ယူဖြစ်တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ မယူဖြစ်ဘူး။ အဆင်ပြေသလိုပဲ ရှုတင်မှာ စားဖြစ်ပါတယ်။
ကိုယ်မစားဖူးတဲ့ အစားအသောက်တွေကို မြည်းစမ်းချင်စိတ်ရှိလား။
ဗူငခန ကြိုက်တဲ့ အရသာမျိုးထဲကဆိုရင်တော့ မြည်းစမ်းချင်တယ်။ ဗူငခန က အာရှအရသာတွေကို ပိုပြီးတော့ မြည်းစမ်းချင်တယ်။ အနောက်တိုင်းအစားအစာတွေ ကျတော့ မကြိုက်တာမဟုတ်ပေမယ့် မစားတတ်ဘူး။ အာရှအစားအစာတွေကတော့ အသစ်အဆန်းထွက်ပြီဆိုတာနဲ့ ဗူငခန က ရအောင် သွားစားဖြစ်တယ်။
တချို့တွေက စိတ်ညစ်တာတို့၊ ဝမ်းနည်းတာ၊ ပျော်ရွှင်တာ၊ ဝမ်းသာတာမျိုးမှာ အစားတွေ များများစားလေ့ရှိတယ်။ ညီမကရော အဲဒီလိုအခါများမျိုးမှာ အစားအသောက်နဲ့ပတ်သက်ပြီး ဘာတွေစားဖြစ်လဲ။ များများစားလား၊ နည်းနည်းစားလား။
ဗူငခန က အဲဒီလိုမျိုးတော့ မရှိဘူး။ ဒါပေမဲ့ မိန်းကလေးပီပီ စားဖြစ်တယ်။ Alice က စိတ်ခံစားမှုနဲ့ အစားအသောက်နဲ့တော့ မဆိုင်ဘူး။ နောက်တစ်ခု Alice က အိပ်ရေးပျက်ရင် အစားပိုစားဖြစ်တယ်။ ဒါကြောင့် အိပ်ရေးမပျက်အောင်တော့ ဂရုစိုက်ဖြစ်တယ်။
ညီမရဲ့ အစားအသောက်နဲ့ ကျန်းမာရေးပေါ်အမြင်နဲ့ အစားအသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုပုံလေးကိုပြောပြပေးပါဦး။
အစားအသောက်နဲ့ ကျန်းမာရေးဆိုရင်တော့ အရမ်းတိုက်ရိုက်ဆက်စပ်တယ်။ Alice တို့ ခန္ဓာကိုယ်က ဗူငခန တို့ စားသမျှအရာနဲ့ တည်ဆောက်ထားတာဖြစ်လို့ ကျန်းကျန်းမာမာဖြစ်ဖို့က အစားအသောက်ကို ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ အစားအသောက်နဲ့ ခန္ဓာကိုယ် ထိန်းသိမ်းမှုပုံဆိုရင် Alice က လေ့ကျင့်ခန်းတွေ သိပ်မလုပ်ဖြစ်ဘူး။ အဓိက လုပ်ဖြစ်တာက အိမ်မှာ Work Out ပေါ့ပေါ့ပါးပါးလေးတွေ လုပ်ဖြစ်တယ်။ အစားနဲ့ထိန်းတာကတော့ အဆီရှောင်တယ်။ အသားရှောင်တယ်။ အချိုရှောင်တယ်။ အဲဒီလိုရှောင်ပြီး နောက်ပိုင်း ခန္ခာကိုယ်ထိန်းဖြစ်ရုံတင်မကဘူး။ Alice ရဲ့ မျက်နှာတွေပါ နည်းနည်း ပိုနုသွားတယ်လို့ ခံစားရတယ်။
အိမ်က မိဘတွေချက်တဲ့ ဟင်းတွေထဲမှ ဘယ်ဟင်းကို အကြိုက်ဆုံးလဲ။
အိမ်က မိဘတွေချက်တဲ့ဟင်းကိုတော့ တော်တော်များများကြိုက်ပါတယ်။ ဒါပေမဲ့ စောစောကပြောသလို အဖေချက်တဲ့ ငါးခေါင်းဟင်းရည်ကို သောက်ချင်ပါတယ်။
နိုင်ငံတကာက အစားအသောက်တွေမှာဆိုရင် ဘယ်နိုင်ငံက ဘယ်အစားအသောက်ကို စားဖြစ်တာများလဲ။
Alice က အာရှအစားအစာတွေကို ပိုကြိုက်တယ်။ အာရှထဲမှာမှ ဘာလာလာ အကုန်ကြိုက်တာက အိန္ဒိယအစားအစာပါ။ ပြီးတော့မှ ဂျပန်အစားအစာပါ။ တရုတ်အစားအစာကျတော့ ဗူငခန တို့အိမ်မှာ စားနေကျဆိုတော့ အရမ်းထူးထူးဆန်းဆန်းထဲမှာ မပါတော့ပါဘူး။
ဘဝမှာ အမှတ်တရဖြစ်မယ့် အစားအစာရှိလား။ ဥပမာ- အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက် စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။
အဲဒီလိုမျိုးဆိုရင်တော့ ပြောရရင် ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာပဲ Alice မောတိသွား ထားတာ။ ဒီတော့ အိန္ဒိယအစားအစာ စားရင်တော့ မောတိခရီးစဉ်ကို ပြန်သတိရမိနေမှာပါပဲ။ Alice တို့ တရုတ်ကျောင်းတက်ဖို့အတွက် ကျောင်းအုပ်ဆရာမကြီးရဲ့အိမ်ကို ဖြတ်ရ တယ်။ အဲဒီမှာ ကျောင်းအုပ်ဆရာမကြီးရဲ့ ချွေးမက ခေါက်ဆွဲလေးတွေ သုပ်ပြီးတော့ ရောင်း တယ်။ ဒါပေမဲ့ အဲဒီအရသာနဲ့တူတဲ့ ခေါက်ဆွဲသုပ်မျိုးလည်း တွေ့ရခဲ့တယ်။ ဒါပေမဲ့ တွေ့လို့ စားမိခဲ့ရင်လည်း ကျောင်းတက်တုန်းက ဘဝကို သွားသတိရမိတယ်။
ညီမစားဖူးခဲ့သမျှထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အစားအသောက်တွေရှိလား။
အဲဒီလိုမျိုးတော့ ကြုံဖူးတယ်။ မတန်ဘူးဆိုတာ ဗူငခန ခံယူထားတာက ကိုယ်စားလို့ကောင်းရင် တန်တယ်။ ဈေးအများကြီးပေးရပြီးတော့ ပေးရတဲ့ဈေးထက် နည်းနည်းပဲ ပါတာမျိုးဆိုရင်လည်း မတန်ဘူးလို့ထင်တယ်။ ဈေးပေါပြီး တန်တယ်လို့ ထင်တာမျိုးက ဟော့ပေါ့တို့၊ လမ်းဘေးက အသုပ်လေးတွေကိုတော့ တန်တယ်လို့ ထင်မိတယ်။
အစားအသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာ ပိုပြီးတော့ စားချင်လဲ။
ညီမကတော့ အိမ်မှာပဲ ပိုစားချင်ပါတယ်။
ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။ ဖျော်ရည်တွေထဲမှာဆိုရင်ရော။
ညီမအကြိုက်ဆုံး အသီးအနှံဆိုရင်တော့ မုန်လာဥအဖြူ/ အနီ၊ သခွားသီး၊ အရွက်ထဲမှာဆိုရင် ကိုက်လန်၊ ကန်စွန်းရွက် ကြိုက်ပါတယ်။ သားငါးတွေဆိုရင်တော့ အကြိုက်ဆုံးထဲမှာ မပါပါဘူး။ ဒါပေမဲ့ ရှုတင်တွေမှာဆိုရင်တော့ စားဖြစ်ပါတယ်။ ဖျော်ရည်ထဲမှာဆိုရင် ဖရဲသီး၊ ကျွဲကော်သီး၊ ပင်မှည့်၊ သင်္ဘောသီး၊ သံပရာရည်ကတော့ အကြိုက်ဆုံးပဲ။
ညီမနဲ့မတည့်တဲ့ အစားအသောက်တွေရောရှိလား။ မကြိုက်တဲ့အစားအစာရော။
မတည့်တာဆိုရင် ပဲမြစ်စားပြီးရင် ခေါင်းမူးတယ်။ မကြိုက်တာလည်း အဲဒီပဲမြစ်ပါပဲ။
အစားအသောက်တစ်ခုခုကိုစားနေတုန်း အဲဒီထဲမှာ ရွံစရာတွေ ဘာတွေရော တွေ့ဖူးလား။ အစားအသောက်စားနေရင်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာပြောရင်ရော ရွံတတ်လား။
တွေ့ဖူးပါတယ်။ အဲဒီအခါကျရင် မစားချင်တော့ဘူး။ ဒါပေမဲ့ ကိုယ်အရမ်း ဗိုက်ဆာ နေတဲ့အချိန်ဆိုရင်တော့ မသိသလိုနေပြီး ဆက်စားဖြစ်တယ်။ သူငယ်ချင်းတွေစနောက်ရင်တော့ သိပ်ပြီး ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ရွံစရာမြင်ရင်တော့ မခံစားနိုင်ဘူး။
အခုလက်ရှိ အနုပညာလှုပ်ရှားမှုတွေကရော။
အခုလက်ရှိတော့ Dimensions ဇာတ်ကားပြီးတဲ့အခါမှာ ကိုပြေတီဦးနဲ့ ရိုက်ထားတဲ့ အချစ်ဘယ်သူပုံမှာတုံးဇာတ်ကား ရုံတင်ဖို့ရှိတယ်။ ပြီးတော့ Cannal+ အတွက် ရိုက်ဖြစ်တယ်။ ပွဲတက်များတယ်။ မဂ္ဂဇင်း၊ ဂျာနယ်ကာဗာတွေ ရိုက်ဖြစ်ဖို့ရှိတယ်။ ကြော်ငြာတွေလည်း ပြောထားတာလေးတွေ ရှိပါသေးတယ်။
အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင်တယ်လို့ ထင်မြင်မိပါ သလား။
ထင်ပါတယ်။ အဲဒါက သူ့ရဲ့ လူနေမှုဓလေ့နဲ့ တိုက်ရိုက်ဆက်နွှယ်ပါတယ်။ မြန်မာမှာဆိုရင်တောင် ရှမ်းစာ၊ ရခိုင်စာ၊ မွန်စာ စသဖြင့် ရှိသေးတာပဲ။ ဂျပန်ဆိုရင်လည် ဆူရှီ၊ ကိုရီးယားဆိုရင် ကင်ချီ စသဖြင့်ပေါ့။
အခု ညီမချက်ပြတဲ့ ယိုးဒယားကြက်သားအနီရောင် ချက်ဟင်းလေးကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။
ညီမခံယူထားတာက အသီးအရွက်တို့၊ ငရုတ်သီး လတ်လတ်ဆတ်ဆတ်တို့ စားရင် ဗီတာမင်ဓာတ်တွေ လည်းြွကယ်ဝတယ်။ ခန္ခာကိုယ် သွေးလည်ပတ်မှုလည်း ကောင်းတယ်။ နောက်ပြီး ကိုယ်တိုင်လုပ်စားတဲ့ အစား အစာက အရမ်းကို ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့နော်။ ငရုတ်သီးအစပ်မကြိုက်ရင်လည်း လျှော့စားလို့ရပါတယ်။ ကိုယ့်အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ရင်း ချက်ပြုတ်တဲ့ ပျော်ရွှင်မှုကို တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Alice Ong ရဲ့ ယိုးဒယားကြက်သား အနီရောင်ဟင်း
ပါဝင်ပစ္စည်းများ
ကြက်သား – ၁၅ ကျပ်သား
ဆီ – ၁၀ ကျပ်သား
ကြက်သွန်ဖြူ – ၃ ဥ (ဓားပြားရိုက်)
ကြက်သွန်နီ – တစ်ခြမ်း (ဥကြီး )
ပဲသီး – ၃ တောင့် (ခွေပြီးလှီး)
မုန်လာဥနီ – တစ်ပိုင်း (အဝိုင်းလေးတွေ လှီး)
ခရမ်းကဆော့သီး
ငရုတ်သီး အတောင့်ပွအနီ – အုပ်ရန် (တစောင်းလှီး)
Red Curry အနှစ်
Red Curry အနှစ် – အနည်းငယ်
အုန်းနို့
ပင်စိမ်း (အုပ်ရန်)
ချက်ပြုတ်နည်း
၁။ ပထမဆုံး ကြက်သွန်အဖြူ/အနီကို ဆီသတ်ပါ။ ပြီးလျှင် Red Curry အနှစ်ထည့်ပါ။ အုန်းနို့ဖြင့် မွှေပြီး သမပါ။
၂။ ပြီးလျှင် လှီးထားသော ကြက်သားကိုထည့်ပြီး နူးအောင်တည်ပါ။
၃။ ကြက်သားနူးလာလျှင် မုန်လာဥနီ၊ ကြက်သွန်၊ ခရမ်းကဆော့သီး၊ ပဲသီးတို့ထည့်ပါ။ အရွက်အားလုံးကျက်လျှင် ပင်စိမ်းနှင့် ငရုတ်သီးအုပ်ပြီးပါက သုံးဆောင်လို့ရပါပြီ။