ဝက်နံရိုးဟင်းချို

by May’s Healthy Food for Food Magazine

          ဆောင်းတွင်းဝင်လာပြီဆိုတော့ နှာစေး၊ နှာပိတ်ဖြစ်တတ်တဲ့ ကလေးငယ်တွေကို ရာသီအကူးအပြောင်းမှာ ရောဂါကာကွယ်နိုင်စေဖို့ အရိုးဟင်းချိုလေးတွေတိုက်ဖို့ သင့်တော်တာမို့ ဝက်နံရိုးဟင်းချိုလေးကို ရေးပေးချင်ပါတယ်။ ဝက်ရိုးအစား ကြက်ရိုးကိုလည်း အသုံးပြုလို့ရပါတယ်နော်။ မျက်စိအားကောင်းစေဖို့ မုန်လာဥနီကို သုံးထားပေးပါတယ်။ ထမင်းမစားချင်တဲ့ ကလေးတွေအတွက်လည်း အစားထိုးပြောင်းဖူးလေး ထည့်ပေးထားတာဖြစ်လို့ ပြောင်းဖူးရဲ့အချိုအရသာကိုပါ ရရှိစေမှာပါ။ Pressure Cooker ကို အသုံးပြုပြီး ဟင်းချိုကိုချက်ထားပေမယ့် အဆင်ပြေရာနဲ့ ချက်နိုင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ဝက်နံရိုး  –  ၆ ခု (အနေတော်တုံး )

*  ရေဆူဆူမှာ ဆား ထမင်းစားဇွန်းတစ်ဝက်ထည့်၊ ဝက်နံရိုးထည့်၊ ၅ မိနစ်ခန့်ပြုတ်ပြီး အရိုးကို ရေအေး ပြန်ဆေးကာ ပြုတ်ရည်သွန်ပါ။

မုန်လာဥနီ  –  ၁ ဥ (အခွံနွှာ၊ အနေတော်တုံး)

ပြောင်းဖူး အဖူးကြီး  –  ၁ ဖူး (လေးပိုင်းပိုင်း)

ကြက်သွန်ဖြူ  –  ၅ မြွှာ (ဓားပြားရိုက်)

ချင်း  –  လက်တစ်ဆစ် (ပါးပါးလှီး)

သကြား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  ထမင်းစားဇွန်း သုံးပုံတစ်ပုံခန့်

ပဲငံပြာရည်အနောက်  –  ထမင်းစားဇွန်း တစ်ဝက်

ရေအေး  –  ၁ လီတာ

ပြုလုပ်နည်း

၁။       ပါဝင်ပစ္စည်းများကို အကုန်ရောမွှေပြီး Pressure Cooker ထဲထည့်၊ Bone ခလုတ်ကို နှိပ်ပြီး ချက်ပါ တယ်။

၂။       အချိန်ပြည့်လျှင် အပေါ့အငန်ကို လိုသလို ပြုပြင်ပြီး ကြက်သွန်မြိတ်ဖြူးပါ။

Facebook Comments