ဇွန်သံစဉ်ရဲ့ ကြက်ဘူးသီးကာလသားချက်

FD-74

FD-74

FD-74

10916309_1023835114309694_4455274658133176435_o

FD-73


 ငယ်ငယ်တုန်းက မြွေသားတို့၊ ဖားသားတို့ စားဖြစ်တယ်ဆိုတဲ့ ဇွန်သံစဉ်


 

 ဟင်းပွဲလေးဖြစ်မလဲ။ အရသာကရော ဘယ်လိုနေလဲ။
-ပထမဆုံးချက်ဖြစ်တာတော့ မဟုတ်ဘူး။ အသုပ်ပေါ့။ ညီမ ၈ တန်းလောက်က ပထမဆုံး လက်ဖက်သုပ်ဖြစ်ခဲ့ပါတယ်။ အရသာဆိုရင်တော့ ငယ်ငယ်တုန်းက လူကြီး တွေသုပ်ထားတာကြည့်ထားပြီး ပြန်သုပ်တဲ့အတွက် အဆင်တော့ပြေပါတယ်။ အရမ်း အကောင်းကြီးမဟုတ်ရင်တော့ အရသာက အရမ်းအဆိုးကြီး လည်းမဟုတ်ပါဘူး။
*  ညီမဇွန်သံစဉ်သုပ်တဲ့ လက်ဖက်သုပ်ကိုစားပြီး ပထမဆုံး ချီးမွမ်းခံရတုန်းကခံစားချက်ကရော။
-ကိုယ်လုပ်တဲ့အလုပ်တစ်ခုခုကို ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတယ်လို့ ပြောဆိုချီး မွမ်းရင်တော့ ပျော်တာပေါ့။ ဒီဟင်းချက်တဲ့ပညာဆိုတာက လည်း ပညာသားပါတဲ့ အလုပ်တစ်ခုဆိုတော့လေ။ အိမ်ကမိသားစုတွေက ကောင်း တယ်လို့ ချီးမွမ်းရင်တော့ အရမ်းပျော်တယ်။
*    အချက်အပြုတ်ကိုရော ဘယ်သူတွေဆီက သင်ယူခဲ့လဲ။
-အဓိကသင်ယူမိတာကတော့ အမေဆီကပါ။ အခြားသင်တန်းတွေတက်ပြီးတော့ မသင် ဖူးပါဘူး။
*  ငယ်ငယ်တုန်းကကြိုက်ပြီးအခုမကြိုက်တဲ့အစားအစာ၊ ဒါမှမဟုတ် ငယ်ငယ်တုန်းက မကြိုက်ဘဲ အခုမှကြိုက်တဲ့ အစားအစာရောရှိလား။
-အဲဒီလိုမျိုးတော့မရှိဘူး။ ညီမကတော့ အကုန်လုံးကြိုက်ပါတယ်။ ငယ်ငယ်က ကြိုက် တာလည်း အခုထိစားပါတယ်။
*  ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရအဖြစ်အ ပျက်လေးတွေရှိရင်ပြောပြပေးပါဦး။ ဥပမာ-တချို့ သကြားလုံးမျိုမိ တာတို့၊ ကျောင်းမှာမုန့်ခိုးစားလို့ အရိုက်ခံရတာတို့၊ ဟင်းခိုးစားတာ တို့ပေါ့။
-ညီမက ငယ်ငယ်က အစားသောင်းကျန်းတယ်။ နည်းနည်းလည်း ဝတော့လေ။ ကျောင်းမှာဆိုလည်း အမြဲဗိုက်ဆာတက်တယ်။ အဆောင် ဝင်တယ်ဆိုရင်လည်း အမြဲတမ်း မုန့်ကအမြဲတမ်းစား ဖြစ်တယ်။ စာကျက်ချိန်လည်း ဗိုက်ဆာတော့ မုန့်တွေဝယ် ဝယ်စား တယ်။ ဆရာမတွေ ခဏခဏမိလို့ အဆူခံရတာတွေကတော့ အမှတ်တရပဲ။
*  ညီမလေးရဲ့ တစ်နေ့တာစားသောက်မှုပုံစံလေးကို ပြောပြပေးပါ ဦး။
-မနက်စာကိုတော့ ပေါင်မုန့်နဲ့ ကော်ဖီလောက်ပဲစားဖြစ်တယ်။ သိပ် အများကြီး လည်းမစားဖြစ်ဘူး။ တစ်ခါတလေ တစ်နေကုန် အလုပ် ရှိပြီဆိုရင်တော့ ဗိုက်ပြည့်အောင် စားသွားတယ်။ နေ့လယ်စာကို တော့ နည်းနည်းလေးများစားဖြစ်တယ်။ ညစာကိုတော့ လျော့စား တယ်။
*           ညစာကို အိမ်မှာစားဖြစ်လား။ အပြင်မှာစားဖြစ်လား။ ညစာစားပြီး ရင်ရော အချိုတွေ ဘာတွေတည်းဖြစ်လား။
-ညစာကိုတော့ အိမ်မှာ မိသားစုနဲ့အတူတူ စားဖြစ်တာများပါ တယ်။ အလုပ်ရှိလို့ အပြင်မှာမိုးချူပ်မှသာ အပြင်မှာစားဖြစ်ပါ တယ်။ ညစာစားပြီးရင်တော့ အချိုတည်းဖြစ်ပါတယ်။ များသော အားဖြင့် ညီမက ညဘက်ဆိုရင် ဒိန်ချဉ် သောက်ဖြစ်တယ်။
*  ဇွန်သံစဉ် စားဖူးသမျှအစားအစာတွေထဲမှာ တစ်သက်မမေ့ လောက်အောင်ဖြစ်တဲ့ အစားအသောက်မျိုးရောရှိလား။
-အဲဒီလိုပြောရမယ်ဆိုရင် အမေချက်တဲ့ ဟင်းထမင်းကတော့ မမေ့နိုင်တဲ့ အစားစာပါပဲ။ နောက်တစ်ခုဆိုရင်တော့ ရခိုင်မုန့် တီပါ။
*  စားဖူးသမျှထဲမှာ ထူးထူးဆန်းဆန်းဖြစ်တဲ့ အစားအသောက် မျိုးရောရှိလား။ ဥပမာ တချို့ဆိုရင် အကောင်အရှင်တွေ ဘာတွေ စားတာမျိုးပေါ့။
-ထူးထူးဆန်းဆန်းဆိုရင်တော့ ညီမငယ်ငယ်ကတော့ မြွေ သားတို့၊ ဖားသားတို့စားဖြစ်ပါတယ်။ အသက်ကြီးလာတဲ့ အခါကျတော့ မစားဖြစ်တော့ပါဘူး။
*  နိုင်ငံတကာ အစားအသောက်ထဲမှာဆိုရင် ဘယ်အစားသောက်ကိုကြိုက်လဲ။
-နိုင်ငံတကာအစားအသောက်ထဲမှာဆိုရင် ဥရောပအစားစာကို နည်းနည်းစား ဖြစ်ပါတယ်။ ဒါပေမဲ့ ညီမက မြန်မာအစားစာတွေကိုပဲပိုကြိုက်တော့ မြန်မာအစားစာနဲ့ ပုံစံတူတဲ့ဟာမျိုးလေးတွေကိုပဲ ပိုစားဖြစ်ပါတယ်။
*  နိုင်ငံခြားတွေကိုသွားရင် မြန်မာပြည်က ဘယ်အစာအစားကို  လွမ်းဆွတ်တမ်းတမိ ပါသလဲ။
-နိုင်ငံခြားသွားရင်တော့  ရခိုင်မုန့်တီတို့၊ လက်ဖက်သုပ်တို့ကို တမ်းတမိတယ်။
*  ဘဝမှာ အမှတ်တရဖြစ်မယ့်အစားအစာရှိလား။ ဥပမာ အဲဒီအစားအစာကို စားလိုက်ရင် တစ်နေရာရာ၊ တစ်ယောက်ယောက်စသဖြင့် အမှတ်တရဖြစ်မယ့် အစားအစာမျိုးပေါ့။
-ညီမငယ်ငယ်က ကျောင်းတက်တုန်းက တွန်းလှည်းလေးနဲ့ ဂွေးသီးသုပ်လေးဖြစ် ဖြစ်၊ ဇီးယိုတို့ဖြစ်ဖြစ်၊ ဝေဖာချောင်းတို့ စားခဲ့တဲ့အချိန်လေးကို သတိရမိတယ်။ တစ်ခါ တလေကျရင်လည်း အဲဒီလိုအစားစာမျိုးက အဲဒီလိုကျောင်းနားသွားစားမှပဲ ရမှာလေ။ ဒီတော့ အဲဒီလိုလေးတွေစားမိရင်တော့ ကျောင်းတက်တုန်းကကာလကို သတိရမိပါ တယ်။
*  ဈေးကြီးပြီးတော့ မတန်ဘူးထင်တဲ့ အစားအသောက်မျိုးရောရှိလား။ ဒါမှမဟုတ် ဈေး ပေါပေါနဲ့ တန်တယ်ထင်တဲ့ အစားအသောက်မျိုးဆိုရင်ရော။
-ဈေးကြီးပြီး မတန်ဘူးဆိုတာရယ်လိုတော့ မရှိပါဘူး။ အစားသောက်တိုင်းက သူ့ ဈေးနဲ့သူ တန်အောင်လုပ်ထားတာများပါတယ်။
*  စားသောက်ဆိုင်နဲ့ အိမ်မှာ ဘယ်မှာပိုစားချင်လဲ။
-ညီမကတော့ တစ်ခါတလေကျရင်တော့ အိမ်မှာစားချင်တယ်။ တစ်ခါတလေ ထမင်းဟင်းတွေငြီးငွေ့ရင်တော့ စားသောက်ဆိုင်မှာစားချင်တယ်။
*  ညီမအကြိုက်ဆုံး အသီးအနှံ၊ အရွက်၊ အသား၊ ငါးတွေကို ပြောပြပေးပါဦး။
-အသီးရွက်ထဲမှာဆိုရင်တော့ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီတို့ကြိုက်ပါတယ်။ အသီး အနှံထဲမှာတော့ စတော်ဘယ်ရီသီး၊ စပျစ်သီး။ သား၊ ငါးတွေထဲမှာဆိုရင် ကြက်သားကို ကြိုက်ပါတယ်။
*  ညီမနဲ့မတည့်တဲ့အစားအစာတို့ မကြိုက်တဲ့အစားအစာတို့ရောရှိလား။
-ညီမက တစ်ခါခါကျရင်ရင်တော့ ပင်လယ်စာတွေနဲ့ မတည့်တက်ဘူး။ အလက် ဂျိတ်ဖြစ်တတ်တယ်။ အသားယားတာတို့ဘာတို့ ဖြစ်တက်တယ်။ မကြိုက်တာကတော့ အချိုအဆိမ့်တွေ သိပ့်မကြိုက်ဘူး။
*  အစားအသောက်တစ်ခုခုကို စားနေတုန်း အဲဒီထဲမှာ ရွံစရာတွေဘာတွေရော တွေ့ရင် ဘယ်လိုနေလဲ။
-ညီမကတော့  အဲဒီလိုမျိုးတော့ နည်းနည်းဖြစ်တတ်တယ်။ ဥပမာ သရဲကားတို့၊ လူသတ်ကားဇာတ်လမ်းတွေကြည့်နေရင်း သွေးသံရဲရဲတွေကိုမြင်ရင် စားလို့မရတော့ ဘူး။ အပြင်မှာတော့မပြောနဲ့ တီဗွီထဲမှာမြင်ရင်တောင် စားလို့မရတော့ဘူး။
*  အစားအသောက်စားနေတုန်း သူငယ်ချင်းတွေက ဘေးနားက ရွံစရာတွေပြောရင်ရော ရွံတတ်လား။ နောက် အစားအသောက်စားရင် -ဘာတွေကြုံရရင် စိတ်အနှောက်ယှက် ဖြစ်မိလဲ။
အဲဒီလိုမျိုးဘေးနားက သူငယ်ချင်းတွေက စနောက်ရင်တော့ အပြောလောက်နဲ့ တော့ မရွံတက်ဘူး။ ညီမက အမြင်နဲ့တော့ ရွံတက်တယ်။
*  အစားအသောက်က နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို ဖော်ဆောင်နိုင် တယ်လို့ထင်လား။
-ဟုတ်ထင်ပါတယ်။ ညီမတို့ မြန်မာအစားဆိုရင် သူတို့နိုင်ငံခြားကလူတွေ မြန်မာပြည်ရောက်တာနဲ့ ကြိုက်ကြတယ်။ သူတို့အနေနဲ့လည်း ထူးဆန်းတယ်လို့ ထင်လည်း ထင်ကြပါတယ်။ ဒီတော့ ဒါမြန်မာအစားစာပဲလို့ လူတွေသိကြတော့ ယဉ်ကျေးမှု ကိုဖော်ဆောင်နိုင်တယ်လို့ ထင်ပါတယ်။
*  ညီမနိုင်ငံခြားမှာ ပြိုင်ပွဲဝင်တုန်းကရော အစားအသောက် နဲ့ပတ်သက်ပြီး ဘယ်လို အခက်ခဲတွေ တွေ့ခဲ့ရသေးလဲ။
-ညီမကြိုက်တဲ့အစားအစာက ဟိုမှာမရှိဘူး။ ဒါပေမဲ့ ညီမကြိုက်တဲ့အစားစာနဲ့ အနီးစပ်ဆုံး အဆင်ပြေအောင် လို့ ဟမ်ဘာကာတို့ဘာတို့တော့ စားဖြစ်ပါတယ်။
*  အခု ဇွန်သံစဉ်လုပ်ပြတဲ့ ကြက်သားကာလသားချက်ကို လိုက်လုပ်စားမယ့် ပရိသတ်အတွက် အမှတ်တရစကား လက်ဆောင်လေးကို ပြောပြပေးပါဦး။
-အခုဟင်းလေးက ညီမလည်းအရမ်းကြိုက်တဲ့ ဟင်းလေးပါ။ တော်တော်များများလည်း ကြိုက်ကြပါ တယ်။ အဲဒီအတွက် အိမ်မှာလိုက်လုပ်ပြီးတော့ ချက်စား ကြမယ့် ပရိသတ်ကြီးအတွက်လည်း ခံတွင်းမြိန်စေမယ့် ဟင်းကောင်းတစ်ခွက်ဖြစ်မှာပါလို့ ပြော ချင်ပါတယ်။

အာဂမေးမြန်းသည်

ပြုလုပ်ပုံ
ပထမဆုံး ကြက်သွန်ဖြူ နီထောင်းကို ဆီသတ်ပါ။ ထို့နောက် ကြက်သားရင်ပုံသား(သို့)ပေါင်သားများကို ဆီသတ်ထားသော ကြက်သွန်ဖြူ၊ နီ၊ အရောင်အတွက် ကြက်သွန်နီငရုတ်သီးဆီသတ်ဆီ၊ ဘူးသီးစိတ်၊ စပါးလင်
(ထုပြီး၊ ထောင်းပြီးထုံးပါ)၊ ဆီတို့ကို ရေအနည်းငယ်ထည့်ပြီး လုံးထားပါ။ ပြီးလျှင် အချို၊ အငန် အရသာအတွက် ငံပြာရည်၊ သကြား၊ဆားတို့ကိုထည့်ပါ။ထို့နောက်ကြက်ပြုတ်ရည်ထည့်ပါ။ကြက်သားရောဘူးသီးပါ နူးခါနီးရင် ငရုတ်ပွသီးစိမ်းကို လေးစိတ်ခွဲပြီးထည့်ပေးပါ။ထို့နောက်အနံ့အတွက်ပင်စိမ်းရွက်ကလေးများခြွေပြီးအုပ်ပေးပါက သုံးဆောင်လို့ရပါပြီ။

Facebook Comments