ဂျပန်ခေါက်ဆွဲ (Soba Noodle Soup)

by May’s Healthy Food for Food Magazine

          Food Magazine ပရိသတ်ကြီး မင်္ဂလာပါနော်။ ဒီလတော့ ဂျပန်ခေါက်ဆွဲလုပ်နည်းလေးကို ပြောပြချင်ပါတယ်။ လုပ်ရတာလည်းလွယ်ပြီး ကလေးတွေအတွက်လည်း အာဟာရ ပြည့်စေမှာပါ။ လတ်ဆတ်တဲ့ခေါက်ဆွဲကို အသုံးပြုမယ်ဆို ပိုကောင်းပေမယ့် အလွယ်တကူရနိုင်တဲ့ ပန်းဂျုံနဲ့ ရိုးရိုးဂျုံကို အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Dried Soba Noodle ကို အသုံးပြုထားပါတယ်။ ခေါက်ဆွဲနဲ့အတူစားမယ့် Soup ကိုတော့ Dashi အမှုန့်ကို အသုံးမပြုဘဲ Home Made Dashi ကို အသုံးပြုထားပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ Dashi အမှုန့်မှာ Sodium Glutamate ပါဝင်လို့ ကလေးတွေအတွက် အသုံးပြုဖို့ မသင့်လျော်တာမို့ အိမ်လုပ်နည်းလေးပါ ရေးပေးထားပါတယ်။ Dashi အတွက်အသုံးပြုတဲ့ ပစ္စည်းတွေကိုတော့ ဂျပန်ပစ္စည်းအရောင်းဆိုင် (City Mart) မှာ ရရှိနို်င်ပါတယ်။

Dashi အရည်အတွက်

          Dashi ပြုလုပ်ပုံတွေထဲကမှ Kombu Dashi ပြုလုပ်နည်းကို ရေးပေးမယ်နော်။

ပါဝင်ပစ္စည်းများ

Kombu  –  ၂၀ ဂရမ်

Dried Bonito Flakes (Katsuobushi)  –  ၃၀ ဂရမ်

Water  –  ၁၀ဝ မီလီမီတာ

ပြုလုပ်ပုံ

၁။       Kombu တွေကို ရေစိုအဝတ်သန့်လေးဖြင့်သုတ်ပြီး သန့်စင်ပေးပါ။

၂။       သန့်စင်ပြီး Kombu ကို ရေ 100 ml မှာ တစ်ညစိမ်ထားပါ။

၃။       တစ်ညစိမ်ထားပြီးသား အရည်ကို မီးအလယ်အလတ်ဖြင့် ဆူပွက်လာအောင်တည်ပါ။

၎။       ဆူပွက်လာလျှင် Kombu ကိုထုတ်ပြီး မီးပိတ်ကာ Dried Bonito Flakes ၃၀ ဂရမ်ကို ထည့်ပြီး ဆူပွက်လာအောင် နောက်တစ်ကြိမ် ထပ်တည်ပါ။

၅။       ဆူပွက်လာလျှင် အရည်ကို ဆန်ခါဖြင့်စစ်ပြီး အအေးခံပါ။ အဲဒီ Dashi အရည်ကို ရေခဲသေတ္တာထဲထည့်ပြီး လိုသလိုအသုံးပြုပါ။

Dried Noodle ချက်ပြုတ်နည်း

          ခေါက်ဆွဲ ၂၀ဝ ဂရမ်ကို ရေနွေးဆူဆူမှာ ၁၀ မိနစ်ခန့် ပြုတ်ပြီး  ရေအေးမှာပြန်ဆေးကာ ရေစစ်ထားပါ။

Noodle Soup ပြုလုပ်နည်း

ပါဝင်ပစ္စည်းများ

Dashi  –  ၂၀ဝ မီလီမီတာ

Sugar  –  စားပွဲဇွန်း ၂ ဇွန်း

Japanese Light Soy Sauce  –  စားပွဲဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းများကို မီးအေးအေးဖြင့် ဆူပွက်လာအောင် တည်ပါ။

ပြုလုပ်ပုံ

          ရေစစ်ထားတဲ့ ခေါက်ဆွဲထည့်ပါ။ ရေညှိအခြောက်၊ တန်ပူရာအကြော် အနည်းငယ်ထည့်ပြီး သုံးဆောင်ပါ။

Facebook Comments