YKKO ဝါးတန်းလမ်းဆိုင်ခွဲသစ် ပြောင်းရွှေ့  ဖွင့်လှစ်ပွဲနှင့် YKKO နှစ် (၃၀) ပြည့် ကြေးအိုးပွဲကြီး (၉၀ဝ၀) ကံထူးရှင်ရွေးချယ်ပွဲ ဒသမအကြိမ်ကျင်းပခြင်း

          ၁၉၈၈ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော ရန်ကင်းကြေးအိုး (YKKO) ၏ ဆိုင်ခွဲ ၃၇ ဆိုင်ထဲမှ တစ်ဆိုင်ဖြစ်သော YKKO ဝါးတန်းလမ်း ဆိုင်ခွဲကို ယခင်နေရာ၏ ပထမထပ် အမှတ်(၇၉၀)၊ ဝါးတန်းလမ်း၊ အမှတ် (၉) ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး စားသုံးသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုများပေးလျက် ရှိသောကြောင့် ယခု YKKO ဝါးတန်းဆိုင်အသစ်နေရာကို မိတ်ဆက်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

          YKKO ဝါးတန်းဆိုင်ခွဲ ပြောင်းရွှေ့ ဖွင့်လှစ်ခြင်းနှင့်အတူ YKKO နှစ် (၃၀) ပြည့် ကြေးအိုး ပွဲကြီး (၉၀ဝ၀) ကံထူးရှင်ရွေးချယ်ပွဲ၏ ဒသမအကြိမ်မြောက် ဇန်နဝါရီလ ကံထူးရှင် အယောက် (၃၀) ကို မဲနှိုက်ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပါသည်။ ကြေးအိုးပွဲကြီး (၉၀ဝ၀) ဇန်နဝါရီလကံထူးရှင်များကို နိုင်ငံကျော်အကနှင့် အဆိုတော်အဖွဲ့ ဖြစ်သော Project-K အဖွဲ့က ရွေးချယ်ပြီး YKKO Facebook Page မှတစ်ဆင့် တိုက်ရိုက်မဲနှိုက် ရွေးချယ်ပေးခဲ့သည်။ ထို့နောက် တရုတ်ရိုးရာ ခြင်္သေ့အကအလှများဖြင့် ဖျော်ဖြေခဲ့ကာ ကြွရောက်လာသော ဧည့်သည်တော်များကို ဟုန်ပေါင်း (အန်ပေါင်း) များ အမှတ်တရ ပေးအပ်ခဲ့ပြီး Project-K အဖွဲ့ကလည်း ပရိသတ်များဖြင့် အမှတ်တရတွေ့ဆုံခဲ့ပါသည်။

Facebook Comments

Menu