Unilever Food Solutions မှ အစားအသောက်ဆိုင်ရာ Food Safety Tips များ မျှဝေခြင်း၊ ဆန်းသစ်သောဟင်းပွဲများ သရုပ်ပြချက်ပြုတ်ခြင်းနှင့် Chefmanship Challenge ကျင်းပခြင်း

          ကမ္ဘာ့အဆင့်အတန်းမီ အစားအသောက်ဝန်ဆောင်မှုပေးနေသော Unilever Food Solutions  မှ Chefmanship Academy ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် Sule Shangri-La ဟိုတယ်၌ ကျင်းပခဲ့သည်။

Unilever Food Solutions Myanmar သည် အစားအသောက်ဆိုင်ရာ စိတ်ကူးစိတ်သန်းသစ်များ မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံအစားအသောက်လုပ်ငန်းနယ်ပယ်၏ ခေတ်ရေစီးကြောင်းကို ဦးဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

          Chefmanship Academy ပွဲကြီးတွင် Feel Group မှ Founder and President ဦးစိုးညီညီနှင့် Unilever Food Solutions မှ အမှုဆောင်စားဖိုမှူးဦးစောယိုရှုတို့က အစားအသောက်ဆိုင်ရာ Food Safety Tips များကို သရုပ်ပြသခဲ့သည်။ ထို့ပြင် Chefmanship Challenge ပြိုင်ပွဲကြီးကို ကိုယ်ပိုင်ဟင်းလျာများဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းဖြင့် အစီအစဉ်ကို အောင်မြင်စွာဖြင့် ကျင်းပခဲ့သည်။

Facebook Comments