Unilever Food Solution မှ Trendwatch ကမ္ဘာ့ထိပ်တန်းအစားအသောက် ဝန်ဆောင်မှု မိတ်ဆက်

          မြန်မာနိုင်ငံ၏ ထိပ်တန်းအစားအသောက်နှင့် အဖျော်လုပ်ငန်း (F&B) မှ ပညာရှင်များ တွေ့ဆုံကြပြီး အစားအသောက်ဆိုင်ရာ ခေတ်စားလာနိုင်မည့် ဟင်းလျာအမျိုးအစားများကို Unilever Food Solution Myanmar မှ Trendwatch ဟု ခေါ်သော ညစာစားပွဲအား စက်တင်ဘာလ ၂၅ ရက်နေ့တွင် Novotel Yangon Max Hotel ၌ မိတ်ဆက်ပေးခဲ့သည်။

          “အစားအသောက်နဲ့ဆိုင်တဲ့ နောက်ဆုံးပေါ် အကောင်းဆုံးသော Food Trend တွေကို UFS Myanmar မှ ဖော်ထုတ်မိတ်ဆက်ခြင်းဖြစ်ပါတယ်” လို့ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့အနေနဲ့ လူကြီးမင်းတို့ထံမှ စားသုံးသူများကို ဟင်းချက်နည်းအသစ်များဖြင့် တင်ပြနိုင်စေရန်၊ ဆန်းသစ်သော အရသာများ၊ သစ်လွင်လှသော အဖိုးတန်ဗဟုသုတများနှင့် စားသုံးသူများ မိမိဖန်တီးနိုင်စွမ်းထက် ကွန့်မြူးပြီး မြန်မာနိုင်ငံမှာ ခေတ်စားလာမယ့် အစားအသောက်ဆိုင်ရာ (၆) မျိုးတို့ကို တင်ဆက်ပြသပါမယ်” ဟု Unilever Food Solutions (မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို) ၏  အထွေထွေမန်နေဂျာ Mr.FrancisOng က ပြောကြားခဲ့သည်။

          ထိုပွဲတွင် Unilever Food Solutions Myanmar မှ စားဖိုမှူးစောယိုရှုနှင့် Novotal Yangon Max Hotel မှ အမှုဆောင်စားဖိုမှူးချုပ် ဦးထွန်းထွန်းနိုင်တို့က UFS မှ မြန်မာနိုင်ငံတွင် ခေတ်စားလာမည့် ဟင်းလျာများအကြောင်းကို ရှင်းပြပြီး တည်ခင်းခဲ့ပါသည်။

Facebook Comments