The Strand Restaurant ရဲ့ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှ စားဖွယ်ဟင်းလျာများ

          မြန်မာနိုင်ငံမှာ ၁၉၀၁ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး သမိုင်းတန်ဖိုးကြီးမားလှတဲ့ ကမ်းနားဟိုတယ် ကမ်းနားဖိုင်းဒိုင်းနင်းစားသောက်ဆိုင်မှာ အမှုဆောင် စားဖိုမှူးအသစ် Patrick Perie ကို ပြီးခဲ့တဲ့ ဧပြီလမှာ ကြိုဆိုခဲ့ပါတယ်။ ပြင်သစ်လူမျိုး စားဖိုမှူးကြီး Patrick Perie ဟာ ဘန်ကောက်မြို့ရှိ နာမည်ကျော် The Oriental ဟိုတယ်၊ ဘေဂျင်းမြို့ရှိ The Legendale ဟိုတယ်တို့မှာ အမှုဆောင်စားဖိုမှူးကြီးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ The Strand Restaurant မှာ မေလ ၂၄ ရက်၊ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တို့က ၃ ရက်ကြာ အကောင်းဆုံးအရည်အသွေးနှင့် အထူးပြင်ဆင်ဖန်တီးထားတဲ့ ပြင်သစ်ဟင်းလျာများကို ညစာသုံးဆောင်နိုင်ဖို့ မိတ်ဆက်ခဲ့ပါတယ်။ Provencale Escapade လို့ အမည်ရတဲ့ ၄ 4 Course Menu မှာ ပြင်သစ်နိုင်ငံမြောက်ပိုင်း Provence ပြည်နယ် ဒေသထွက် ဟင်းခတ်အမွှေးအကြိုင်များ၊ အသီးအနှံ၊ အသီးအရွက်များနဲ့ စီမံချက်ပြုတ်ထားတဲ့ ဟင်းလျာများ ပါဝင်ပါတယ်။

          4 Course Menu ကို မိတ်ဆက်တင်ပြရလျှင် ပထမဦးဆုံး ခံတွင်းဖွင့်စာမလာခင် ပြင်သစ်လို Mise en Bouche (pre starter) အနေနဲ့ Slow cooked Lobster Medallion Served with Cauliflower Puree and White Wine Anise Jelly ပုစွန်၊ ပန်းဂေါ်ဖီအနှစ်၊ ဝိုင်ဖြူတို့နဲ့ စီမံထားတဲ့ ဟင်းလျာသေးသေး နည်းနည်းလေးကို သုံးဆောင်ရပါတယ်။

နောက်တစ်ခု ခံတွင်းဖွင့်စာအနေနဲ့ကတော့ ရွေးချယ်စရာနှစ်မျိုးထဲက တစ်မျိုးကို ရွေးချယ်ရပါတယ်။ အသီးအနှံတွေ စုံစုံလင်လင်ပါတဲ့ Sweet Pepper, Tomato and Cucumber Pearl Salad with Garlic Focaccia, Marinated Anchovies and Black Olive Powder Gazpacho ကို ရွေးချယ်ခဲ့ပါတယ်။ ငရုတ်ပွချို၊ ဇူခီနီ၊ ကြက်သွန်ဖြူ ဖေါကာရှား၊ အန်ချိုဗီငါးအငန်၊ ဂတ်ပါချို အနှစ်ခပ်ကျဲကျဲတို့နဲ့ စီမံချက်ပြုတ်ထားတာပါ။ ခံတွင်းဖွင့်စာ နောက်တစ်မျိုးကတော့ Ricotta and Parma IIam Stuffed with French Riviera Style Mixed Vegetables, Herb Vinaigrette, Chicken jus ရီကိုတာချိစ်၊ ဟင်းသီးဟင်းရွက်၊ ကြက်သားဂျု့စ်တို့နဲ့ စီမံတည်ခင်းတာပါ။

          အဓိကဟင်းလျာအနေနဲ့ ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။ Oven-baked lamb en Charlotte with Eggplant, Creamed Chick Peas, Pine Nuts and Asparagus Tips ကို မြည်းစမ်းဖြစ်ခဲ့ပါတယ်။ သိုးသား၊ ခရမ်းသီး၊ ဆင်ခေါင်းပဲ၊ ကညွတ်တို့နဲ့ စီမံချက်ပြုတ်ထားပြီး အရသာကောင်းမွန်ပါတယ်။ သိုးသားညှီနံမရဘဲ မြေထဲပင်လယ်ဒေသစာ ပုံစံမျိုးဖြစ်ပါတယ်။ ပေါင်မုန့်အမာ၊ အပျော့ကို 4 Course Menu စကတည်းက အဆက်မပြတ် တည်ခင်းပါတယ်။

          အချိုပွဲအနနဲ့ Iced Nougat with Candied Fruits, Vanilla and Honey Cream, Served with Someked Rosemary Pear Compote ပျားရည်၊ အခွံမာသီး၊ ကြက်ဥ အကာတို့ကို ရောစပ်ပြီး အေးခဲထားတာပါ။ နောက်ဆုံးမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Green Tea တို့နဲ့ အဆုံးသတ်ပါတယ်။

          Provencale Escapade ညစာကို သုံးဆောင်ချင်တယ်ဆိုရင်တော့ တစ်ဦးလျှင် USD 58 ++ ကျသင့်မှာဖြစ်ပြီး ကြိုတင်ဘိုကင်အတွက်  [email protected], ဖုန်း-ဝ၁ ၂၅၃၃၇၇ သို့ ဆက်သွယ်နိုင်ပါတယ်။

Facebook Comments