The Beer Factory Yangon စားသောက်ဆိုင်ဖွင့်ပွဲ

 

The Beer Factory Yangon စားသောက်ဆိုင်ဖွင့်ပွဲ

          The Beer Factory Yangon စားသောက်ဆိုင်ဖွင့်ပွဲအခမ်း အနားကို ဂျူလိုင်လ ၂၆ ရက်နေ့ ညနေက ရွှေတောင်ကြား လမ်းအမှတ် (၁၀ ) ရှိ ၄င်း စားသောက်ဆိုင်မှာ ကျင်းပခဲ့ပါတယ်။ The Beer Factory ဆိုတာကတော့ စက်ရုံအကြမ်းထည် ဒီဇိုင်းပြင်ဆင်မှုနှင့်အတူ ဆု တံဆိပ်ရရှိထားတဲ့ မလေးရှားနိုင်ငံမှ Bar တစ်ခုဖြစ်ပြီး ဒီဇိုင်းအယူ အဆ၊ ဓလေ့စရိုက်၊ စိတ်ချမ်းမြေ့မှု စတာတွေကြား သူမတူအောင် ဟန်ချက်ညီညီဖန်တီးထားသော စက်မှုလက်မှု အပြင်အဆင်လွှမ်းမိုး မှုတွေနဲ့ ယှက်ဖြာနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Bar ရဲ့  ဂုဏ် သတင်းတစ်ခုကတော့ Lagers, Wheat, Ales, Ciders  စသည့် အရာတွေကနေလာတဲ့ ကမ္ဘာတစ်ဝန်းမှ အကောင်းဆုံးဘီယာတွေနဲ့ ထောက်ပံ့ထားခြင်းဖြစ်ပါတယ်။

          The Beer Factory Yangon မှာ အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာတွေနဲ့ ပေါ့ပေါ့ပါးပါးစားလို့ရမယ့် နှုတ်မြိန်စာတွေကိုလည်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments