Taste Korea Mushroom in Myanmar

          Korea Agro-Fisheries & Food Trade Corporation ၏ လတ်ဆတ်သည့် ကိုရီးယားနိုင်ငံထုတ် မှိုထုတ်ကုန်များကို Citymart Supermarket, Ocean Supercenter နှင့် Marketplace တို့တွင် စားသုံးသူများ ကိုယ်တိုင်မြည်းစမ်းနိုင်စေရန် Tasting Event ကို ဧပြီလ ၂၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ မိတ်ဆက်ပေးခဲ့ပြီး Mushroom Tasting Event ကို ဧပြီလ ၂၈ ရက်နေ့တွင် City Mall (St. John)Promotion area ၌ ကျင်းပခဲ့သည်။

          ၎င်းင်းအခမ်းအနားတွင် မတင်တင်ဦး (Master Chef Myanmar Winner) နှင့် Mrs. Chung Haesim (Main Chef from Hayeonjung in Spring Line Complex. Ummason Restaurant in 9 Miles Ocean, White Lotus Restaurant Owner) တို့၏ အချက်အပြုတ်အစီအစဉ်များ၊ အနုပညာရှင်များဖြစ်သည့် ချာလီ၊ သံသာမိုးသိမ့် နှင့် အဆိုတော် Key, Lashi တို့၏ ဖျော်ဖြေတင်ဆက်မှုများ၊ Lucky Draws အစီအစဉ်များ၊ ကိုရီးယားနိုင်ငံ၏ မှိုထုတ်ကုန်များအပေါ် စိတ်ဝင်စားသည့် သွင်းကုန်လုပ်ငန်းရှင်များနှင့် ဖြန့်ဖြူးရောင်းချသူများလည်း ပါဝင်ခဲ့ကြသည်။

          မြန်မာနိုင်ငံအတွင်း လက်ရှိ တင်သွင်းရောင်းချနေသော ကိုရီးယား မှိုထုတ်ကုန် အမှတ်တံဆိပ်များမှာ Enoki, Shimeji နှင့် King Oyster တို့ဖြစ်ပြီး King Oyster မှိုအမျိုးအစားသည် Vitamin C နှင့် Vitamin B6 တို့ ကြွယ်ဝစွာ ပါဝင်ပြီး အသားနှင့် တွဲဖက်၍ ချက်ပြုတ်ရာတွင် သင့်လျော်ပြီး အသားအရေ ကျန်းမာရေးအတွက်လည်း အထောက်အကူပြုသည်။ Shimeji မှိုအမျိုးအစားတွင် ပရိုတင်းဓာတ်များစွာပါဝင်ပြီး Vitamin B, ပိုတက်စီယမ်နှင့် ဇင့်ဓာတ်တို့ ပါဝင်သည်။ Enoki မှိုအမျိုးအစားသည် ခေါက်ဆွဲ၊ အသီးအရွက်တို့နှင့် တွဲဖက်စားသုံးရန် သင့်တော်ပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးကာ အခြားအရွက်များထက် နှစ်ဆအစာကြေလွယ်ပါသည်။

Facebook Comments