Sule Shangri-La ရဲ့ Kung Fu Tea Master ပွဲတော်

          Shangri-La Hotel, Qaryet Al Beri, Abu Dhab မှ တရုတ်ရိုးရာ လက်ဖက်ရည်ဖျော်နည်းနဲ့ တရုတ်ရိုးရာ မျက်နှာပြောင်းတဲ့ အကသရုပ်ဆောင်  Fu Hao Qin ကို Sule Shangri-La, ရန်ကုန်ကို ဖိတ်ခေါ် ပြီး ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ Kung Fu Tea Master ပွဲတော်ကို ကျင်းပသွားခဲ့ပါတယ်။ Fu Hao Qin က သူ့ရဲ့ မြန်ဆန်ပြီး တိကျလှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ ရေနွေးကြမ်းခွက်များကို ရှည်လျားလှတဲ့ ကြေးရေနွေးအိုးနဲ့ ရေနွေးဖြည့်ခြင်း၊ သရုပ်ပြခြင်းတို့ကို Sule Shangri-La, ရန်ကုန်ရှိ Summer Palace မှာ နေ့လယ်စာနဲ့  ညစာအချိန်တို့မှာ ဧည့်သည်တော်များကို တင်ဆက်သွားခဲ့ပါတယ်။

          နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ တရုတ်ရိုးရာအနုပညာတစ်ရပ်ဖြစ်တဲ့ ရေနွေးကြမ်းပြင်ဆင်ခြင်းနှင့် သရုပ်ပြခြင်းကို Gong Fu Cha (သို့) Kung Fu Tea လို့ခေါ်ပါတယ်။ Kung Fu Tea ကို သရုပ်ပြသမယ့် Fu Hao Qin က အဲဒီရေနွေးကြမ်း အနုပညာစတင်ရာ  စီချွမ်းမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒါကို စားသောက်ပွဲများမှာ ခင်းကျင်းပြသပြီးတော့ တရုတ်ရိုးရာရဲ့ တစ်မူထူးခြားမှုတွေကို ပေးခဲ့ပါတယ်။ လူများတဲ့ ရေနွေးကြမ်းသောက်တဲ့နေရာတွေမှာ ရှည်လျားလှတဲ့ ကြေးရေနွေးအိုးကို အသုံးပြုပြီး ရေနွေးဖြည့်ခြင်းကနေ စတင်လာတာဖြစ်ပါတယ်။ ဒီဓလေ့လေးက ထန်မင်းဆက်နဲ့ စုန်မင်းဆက်အတွင်းမှာ ကွန်ဖူးရေနွေးကြမ်း သရုပ်ပြခြင်းတွေက ခေတ်စားခဲ့တာဖြစ်ပြီး ယနေ့ခေတ်အထိ အဲဒီရိုးရာလေးက ခေတ်စားနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည် ပြင်ပမှာ အဲဒါကို တွေ့နိုင်ဖို့ဆိုတာ အရမ်းနည်းပါးပါတယ်။ အဲဒါက တရုတ်ရှေးဟောင်းပြဇာတ်ဆိုင်ရာ အနုပညာတစ်မျိုး ဖြစ်ပါတယ်။

          Summer Palace မှ ဧည့်သည်တော်များက Fu Hao Qin ရဲ့ လျင်မြန်တဲ့ အမြန်နှုန်းနဲ့ ရိုးရာမျက်နှာဖုံးများကို  ပြောင်းလဲခြင်းအပါအဝင် အလှများကိုပါ ကြည့်ရှုခဲ့ရပါတယ်။ ဒီလိုသရုပ်ပြကွက်တွေနဲ့အတူ စားဖိုမှူး ဏညေါ ရဲ့  ဟင်းလျာများကိုပါ ခံစားခဲ့ကြပါတယ်။ အဲဒါတွေကတော့ ဂန္ဓမာပန်းပင်လယ်စာစွပ်၊ အခွံပျော့ကဏန်းတိုဟူးနှင့် ဂန္ဓမာပန်းရေနွေးကြမ်း၊ ဂန္ဓမာပန်းအမဲသားကြော်နှင့် အနီရောင် ဘယ်ရီသီးပျားရည်ဆော့စ်၊ ခရုနှင့် နှင်းဆီပန်းရေနွေးကြမ်း၊ ပုစွန်ကြော်နှင့် Long Ching ရေနွေးကြမ်း စတဲ့ ဟင်းလျာများဖြစ်ပါတယ်။ Summer Palace မှ ဧည့်သည်တော်များက နေ့လယ်စာနှင့် ညစာတို့ကို သုံးဆောင်နေတုန်း ဒီလို သရုပ်ပြကွက်တွေကို ဇွန်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ပြသခဲ့ပါတယ်။

Facebook Comments