Sule Shangri-La ရဲ့ တူရကီအစားအသောက်ပွဲတော်

            SuleShangri-La ရှိ Café Sule တွင် တူရကီအစားအသောက်ပွဲတော်ကို အောက်တိုဘာလ ၃၁ရက်နေ့မှ နိုဝင်ဘာလ ၆ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ စားဖိုမှူး SerkanAkca နှင့်အတူ ဧည့်သည်စားဖိုမှူးဖြစ်တဲ့ Ali Toprak တို့က အရောင်အသွေးစုံလှတဲ့ တူရကီညစာများကို ပြင်ဆင်ချက်ပြုတ်ပေးသွားမှာ ဖြစ်ပါတယ်။

            တူရကီအစားအသောက်အကြောင်းကို ပြောရမယ်ဆိုရင်တော့ ၁၇ ရာစုလောက်ကို အော့တိုမာန် အင်ပါယာခေတ်လောက်က စတင်ခဲ့တာဖြစ်ပါတယ်။ တူရကီအစားအသောက်များက အရောင်အသွေးစုံလင်ပြီး များပြားလှတဲ့ ရှေးဟောင်းယဉ်ကျေးမှုများရှိတဲ့ ဟင်းချက်နည်းများနှင့် ဟင်းချက်နည်းစနစ်များ ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ ဟင်းချက်နည်းများစွာကို အခြေခံထားတာကြောင့် ယခုကမ္ဘာပေါ်မှာဆိုရင် တူရကီအစားအသောက်ကို အဓိကအစားအသောက် (၃)မျိုးထဲမှ တစ်မျိုးအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။

            တူရကီအစားအသောက်ပွဲတော်တွင် အဓိကဟင်းပွဲများကတော့ ဒိန်ချဉ်နဲ့ တွဲပြီးသုံးဆောင်ရမယ့် ဟင်းသီးဟင်းရွက်ပန်ကိတ် (MucverDolna)၊ ခံတွင်းဖွင့်စာအနေနဲ့ရော၊ အဓိကအစားအစာအနေနဲ့ပါ သုံးဆောင်ရမယ့် ခရမ်းသီးခြောက်၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်တို့ကိုခရင်နဲ့ချက်ထားတဲ့ Köpoğlu ၊ ဆိတ်သားအဆာသွတ်ဟင်း (Manti)။ Manti ဆိုတာကတော့ “mantu” လို့ခေါ်တဲ့ အဆာသွတ်ထားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အသားများကို ပြုတ်ချက်ချက်ထားတဲ့ (သို့) ကင်ထားတဲ့ Kebabs ။ ဆိတ်သားကတော့ တူရကီအစားအသောက်များအတွက် အခြေခံအသားဖြစ်ပါတယ်။ Sis Kebabကတော့ ဆိတ်သားကို တံစို့မှာထိုးပြီး မီးသွေးနဲ့ကင်ထားတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပြီး နိုင်ငံတော်တော်များများမှာ သိထားပြီးသား ဟင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

            တူရကီအစားအသောက်ပွဲတော်အတွက် ညစာကို တစ်ဦးလျှင် US$32 ဖြင့် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

(95 1) 242 828 extension 6421 or 6422

E-mail; [email protected].

 

Facebook Comments