Sule Shangri-La ရဲ့ တူရကီညစာပွဲတော်

          တူရကီအစားအသောက်များနှင့် ယဉ်ကျေးမှုများကို ဖော်ဆောင်ပေးနိုင်တဲ့ တူရကီညစာပွဲတော်ကို Sule Shangri-La Yangon ရှိ Café Sule မှာ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ Shangri-La Bosphorus, Istanbul မှ  စားဖိုမှူးများဖြစ်တဲ့ Harun Imre နှင့် Erhan Ustun တို့က အရောင်အသွေးစုံလှတဲ့ တူရကီ ညစာများကို ပြင်ဆင်ချက်ပြုတ်ပေးခဲ့ဖြစ်ပါတယ်။ တူရကီအစားအသောက်အကြောင်းကို ပြောရမယ်ဆိုရင်တော့ ၁၇ ရာစုလောက်က အော့တိုမာန်အင်ပါယာခေတ်လောက်က စတင်ခဲ့တာဖြစ်ပါတယ်။ တူရကီအစားအသောက်များက Central Asian, အရှေ့အလယ်ပိုင်း၊ ဥရောပအရှေ့ပိုင်းနှင့် Balkan ဒေသဟင်းလျာများကို ပြန်လည်ဆန်းသစ် တီထွင်ထားတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ အရောင်အသွေးစုံလင်ပြီး များပြားလှတဲ့ ရှေးဟောင်းယဉ်ကျေးမှုများရှိတဲ့ ဟင်းချက်နည်းများနှင့် ဟင်းချက်နည်း စနစ်များ ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ ဟင်းချက်နည်းများစွာကို အခြေခံထားတာကြောင့် ယခုကမ္ဘာပေါ်မှာဆိုရင် တူရကီအစားအသောက်ကို အဓိက အစားအသောက် (၃) မျိုးထဲမှ တစ်မျိုးအဖြစ် သတ်မှတ်ထားခြင်းခံရပါတယ်။

          Café Sule တူရကီအစားအသောက်ပွဲတော်ရဲ့ ဟင်းပွဲများကတော့ ကြက်သားပြုတ်ထားတာကို သစ်ကြားသီးစေ့နဲ့ရော၍ အနှစ်ဖြစ်အောင်လုပ်ထားပြီး ပေါင်မုန့်နဲ့တွဲပြီး စားရတဲ့ Cerkez Tavugu, တူရကီချိစ်၊ ဟင်းခတ် အမွှေးအကြိုင်များနှင့်အတူ အမဲသား ကြိတ်သားကို ထမင်းနဲ့လုံးထားတာဖြစ်ပြီး အသားလုံး တစ်မျိုးဖြစ်တဲ့ Cevizli Baklava နုပ်နုပ်စဉ်းထားတဲ့ အသားကို အမွှေးအကြိုင်ခတ်ကာ တံစို့ထိုး မီးသွေးသုံးပြီး ကင်ထားတဲ့ Adana Kebab, သိုးသားကို ၂ ရက်ကြာအောင် ဟင်းခတ်ပစ္စည်းများနှင့် နှပ်ပြီး အချိန် ၄ နာရီကြာ ချက်ကာ ခရမ်းသီးအနှစ်လေးနဲ့ တည်ခင်းတဲ့ Lamb Shank with Eggplant Puree တို့ ပါဝင်ပါတယ်။ ခရမ်းသီးအနှစ်လေးက ပျစ်ပျစ်လေးဖြစ်နေပြီး အရသာလေးက ချိစ်အရသာလေးစားလိုက်ရသလို ခံစားသွားရစေပါတယ်။ ကြက်သားကို အပြားလိုက်လေးတွေလုပ်ပြီး အထဲမှာ ချိစ်နဲ့ဟင်းနုနယ် အဆာသွတ်ထားတဲ့ Pilic Topkapi, အစေ့အဆန်များနှင့် ပျားရည် (သို့) သကြားရည်တို့ဖြင့် ပြုလုပ်ထားတဲ့ အချိုပွဲ Cevizli Baklava စတဲ့ အရသာရှိလှတဲ့ ဟင်းပွဲများစွာကို စားဖိုမှူးနှစ်ဦးက ချက်ပြုတ်ပေးခဲ့ပါတယ်။

အသေးစိတ်သိရှိလိုပါက-

Ph: (95 1) 242 828, Ext: 6421 or 6422

E-mail: [email protected]

Facebook Comments