SP Bakery ၏ ပဉ္စမမြောက် ဆိုင်ခွဲသစ်ဖွင့်လှစ်

          SP Bakery အနေဖြင့် စားသုံးသူများ အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ပြီး ပဉ္စမမြောက် ဆိုင်ခွဲသစ်ကို ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Capital Hyper Market တွင် မတ်လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။

          SP Bakery သည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ယခုဖွင့်လှစ်သည့် ဆိုင်ခွဲသစ်အပါအဝင် ဆိုင်ခွဲပေါင်း ၁၁ ခုဖွင့်လှစ်ထားပြီး ယခုနှစ်အတွင်း ဆိုင်ခွဲများ ထပ်မံ ဖွင့်လှစ်သွားရန်ရှိသည်ဟု သိရသည်။ ထို့ပြင် ရုံးခွဲဖွင့်လှစ်ထားခြင်းမရှိသေးသည့် မြို့နယ်များတွင်လည်း အရောင်းကိုယ်စားလှယ်များထားရှိပြီး မုန့်များကို ဖြန့်ချိလျက်ရှိကာ ကိုယ်စားလှယ် ရယူလိုသူများအနေဖြင့် SP Bakery ရန်ကုန်ရုံးချုပ်သို့ ဆက်သွယ်၍ ကိုယ်စားလှယ်လျှောက်ထားနိုင်ကြောင်း သိရသည်။ SP Bakery က ပေးအပ်နေသည့် ဝန်ဆောင်မှုများထဲမှ Birthday Cake Online Order လက်ခံခြင်းနှင့် Delivery Service များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Facebook Comments